From Wikipedia, the free encyclopedia
အဘာဒင်းမြို့သည် စကော့တလန်နိုင်ငံတွင် တတိယမြောက် လူဦးရေ အများဆုံးမြို့ ဖြစ်ပြီး ယူနိုက်တက်ကင်းဒမ်းတွင် ၂၅ ခုမြောက် လူဦးရေ အများဆုံး ဖြစ်သည်။ လူဦးရေ ၂ သိန်း ၁ သောင်း ၄၀၀ ခန့် ရှိသည်။
အဗာဒင်းမြို့သည် စကော့တလန်ပြည် အရှေ့ မြောက်ကမ်းခြေပေါ်တွင် တည်ရှိသော ပင်လယ်ဆိပ်ကမ်းမြို့ကြီး တစ်မြို့ ဖြစ်၍ အက်ဒင်ဗာရာမြို့မှ ၉၈ မိုင်၊ လန်ဒန်မြို့မှ ၅၂၈ မိုင်ကွာဝေး သည်။ အဗာဒင်းမြို့သည် ဒွန်းမြစ်နှင့်ဒီးမြစ်တို့ အကြားတွင် ရှိသည်ဟု အကြမ်းအားဖြင့် ပြောဆိုကြသည်။ သို့ရာတွင် မြို့၏ စည်ကားရာရပ်ကွက်တို့မှာ ဒီးမြစ်၏မြောက်ဘက် ဒီးမြစ်ဝအနီးတွင် ရှိပေသည်။
အဗာဒင်းမြို့သည် အလွန်ရှေးကျသော မြို့တစ်မြို့ဖြစ်သည်။ ခရစ် ၇ဝဝ ပြည့်နှစ်ခန့်က တည်တောင်ခဲ့သည်ဟု အဆိုရှိ သည်။ သို့သော် ၁၁၇၉ ခုနှစ်တွင်မှ မြို့အဖြစ် ပြဋ္ဌာန်း ကြေညာခဲ့လေသည်။ အဗာဒင်းမြို့မှာ အဗာဒင်းခရိုင်၏ မြို့တော် ဖြစ်ပြီးလျှင် ယခုအခါ စကော့တလန်ပြည်တွင် တတိယ အကြီး ဆုံးမြို့ ဖြစ်လေသည်။ အဗာဒင်းမြို့အနီး ရုဗစ်လောအရပ်နှင့် ဒွန်းမြစ်ဝှမ်းတို့မှ နှမ်းဖတ်ကျောက် အများအပြား တူးဖော် ရရှိသဖြင့် မြို့ပေါ်ရှိ အဆောက်အအုံများစွာတို့ကို နှမ်းဖတ် ကျောက်များဖြင့် ဆောက်လုပ်ရုံမက ယင်းသည့် နှမ်းဖတ် ကျောက်များကို လန်ဒန်စသော မြို့ကြီးများသို့လည်း တင်ပို့ ရောင်းချရသေးသည်။
မြို့မှာ စနစ်တကျ တည်ဆောက်ထားသည့်ပြင် ကျောက် သားဖြင့်ပြီးသော အိုးအိမ်တိုက်တာများကြောင့် သန့်ရှင်းလှပေ သည်။ မိုးရွာပြီးစ အချိန်များတွင် ကျောက်ဖြင့် ဆောက်လုပ် ထားသော အဆောက်အအုံကြီးများမှာ ငွေသားကဲ့သို့ ဖြူဖွေး နေပေတော့သည်။ ထို့ကြောင့် ဤမြို့ကို ပင်လယ်အနီးက ငွေမြို့တော်ကြီး ဟုပင် ခေါ်ကြသေးသည်။
အဗာဒင်းမြို့အနီး၌ ဆာမန်ငါးနှင့် အခြားပင်လယ်ငါးများကို လည်း ရရှိသည်။ နှမ်းဖတ်ကျောက်၊ ငါးစိမ်း၊ ငါးဆားနယ်၊ သိုးမွေးနှင့်သားရေများကို ပြည်တွင်းပြည်ပများသို့ တင်ပို့ရောင်း ချသည်။ မြို့ပတ်ဝန်းကျင်၌ စက္ကူလုပ်ငန်း၊ သစ်လုပ်ငန်း၊ ဘီး လုပ်ငန်းနှင့် အခြားအထည်လုပ်ငန်းများကိုလည်း လုပ်ကိုင်ကြ သည်။ မြို့နယ်တွင် ပြည်တွင်းလုပ်ငန်းများ ထွန်းကားသဖြင့် ဤမြို့ကို ဖူလုံသော မြို့ဟုလည်း ခေါ်စမှတ်ပြုကြသည်။ အဗာဒင်းတက္ကသိုလ်သည် ဗြိတိန်ကျွန်းတွင် ရှေးအကျဆုံး တက္ကသိုလ် ဖြစ်သည်။ ၁၄၉၄ ခုနှစ်တွင် အဗာဒင်း တက္ကသိုလ် ကို ဘုရင့်ကောလိပ်အမည်ဖြင့် တည်ထောင်ခဲ့သည်။ မာရစ်ရှယ် ကောလိပ်ကျောင်းကိုကား ၁၅၉၃ ခုနှစ်တွင် တည်ထောင်သည်။ ၁၈၆ဝ ပြည့်နှစ်သို့ ရောက်သောအခါ ယင်းကောလိပ်နှစ်ခုကို ပူးပေါင်း၍ တက္ကသိုလ်တစ်ခုတည်းအဖြစ် တည်ထောင်လိုက် သည်။ မာရစ်ရှယ်ကောလိပ်ကျောင်းကို နှမ်းဖတ်ကျောက်ဖြင့် ဆောက်လုပ်ထားရာ ကမ္ဘာပေါ်ရှိ ကျောက်ဖြင့် ဆောက်လုပ် ထားသော အဆောက်အအုံကြီးများအနက် ဤ အဆောက်အအုံ မှာ အလှပဆုံးဖြစ်လေသည်။ အဗာဒင်းမြို့ပေါ်ရှိ သဒ္ဒါကျောင်းခေါ် အထက်တန်းကျောင်းမှာလည်း ၁၂၆၂ ခုနှစ်ကစ၍ တည်ထောင်လာခဲ့ခြင်းဖြစ်သည်။
အဗာဒင်းမြို့မှာ အနောက်ဘက်ရှိ စကော့တလန်ကုန်းမြင့် ဒေသနှင့် အရှေ့မြောက်ဘက်ရှိ မြေနိမ့်ပိုင်းတို့အကြားတွင် ရှိရ ကား ကုန်စည်ကူးသန်းမှု ထွန်းကားရာ အချက်အချာ နေရာ လည်း ဖြစ်ပေသည်။
အဗာဒင်းမြို့၏ အကြီးအကျယ်ဆုံးသော ထွက်ကုန်မှာ ငါး ပင်ဖြစ်သည်။ သင်္ဘောဆိပ်များတွင် ငါးဖမ်း သင်္ဘောများကို တွေ့ရှိနိုင်သည်သာမက ဤမြို့၌ ငါးလုပ်ငန်းသုတေသနဌာန များတွင် ဖွင့်လှစ်ထားရှိလေသည်။
အဗာဒင်းမြို့လယ်ကို ယူနီယန်လမ်းမကြီး ဖြတ်သွားသည်။ မြို့တော်ခန်းမကြီး၊ ဈေးသစ်ကြီး၊ အနုပညာပြတိုက်၊ စစ်မော် ကွန်းကျောက်တိုင်၊ ဈေးရှေ့မော်ကွန်းတိုင်နှင့် စိန်မတ်ချာဘုရား ရှိခိုးကျောင်းတို့မှာ ထင်ရှားသော အဆောက်အအုံများ ဖြစ်ကြ သည်။ မြို့နှင့် ငါးမိုင်ခန့်အကွာတွင် လေဆိပ်တစ်ခုရှိသည်။ အဗာဒင်းမြို့သည် ဗြိတိန်ကျွန်း၏ မြောက်ဘက်အပိုင်းတွင် ရှိသော်လည်း နွေရာသီ၌ ညဉ့် ၁ဝ နာရီကျော် အထိ နေရောင် ကို တွေ့မြင်ရလေသည်။ လန်ဒန်မြို့ထက် တစ်နာရီ ၁၅ မိနစ် ခန့် နေကို ပို၍မြင်ရသည်။ တစ်နှစ်အတွင်း နာရီပေါင်း ၁၄၁၁ နာရီမျှ နေကို မြင်ရလေသည်။ ထိုကြောင့် နွေရာသီ၌ အထူး လှပသော မြို့တစ်မြို့ ဖြစ်လေသည်။ ပတ်ဝန်းကျင်မှာလည်း တောပန်း တောင်ပန်းများဖြင့် ဝေဆာတင့်တယ်လှပေသည်။ ကောင်းလှရကား နှစ်စဉ်နှစ်တိုင်း ခရီးသည်များ လာရောက် လည်ပတ်လေ့ရှိကြသည်။၁၉၇၁ ခုနှစ် ခန့်မှန်းခြေစာရင်းအရ အဗာဒင်းမြို့၌ လူဦးရေ ၁၈၁၇၈၅ ယောက်ရှိသည်။ [1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.