ခရမ်းရောင်နှင့် အစိမ်းရောင်ကြားရှိ အရောင် From Wikipedia, the free encyclopedia
အပြာရောင်သည် မြင်နိုင်သောအလင်းတန်းတွင် ခရမ်းရောင်နှင့် စိမ်းပြာရောင်ကြားရှိ အရောင်တခုဖြစ်သည်။ အပြာရောင်အများစုတွင် အခြားအရောင်များ၏ ပေါင်းစပ်မှုများ အနည်းငယ် ပါဝင်ကြသည်။ နေ့ခင်းတွင်မြင်ရသည့် ကြည်လင်သောကောင်းကင်ယံနှင့် ပင်လယ်ပြင်တို့သည် အပြာရောင်အဖြစ် ထင်ပေါ်သည်။ ဝေးကွားသော အရာဝတ္ထုများသည် အပြာရောင်ပိုဆန်သည်ကို တွေ့ရှိရသည်။
အပြာရောင် | |
---|---|
ရောင်စဉ်တန်း ကိုဩဒိနိတ်များ | |
လှိုင်းအလျား | approx. 450–495 nm |
ကြိမ်နှုန်း | ~670–610 THz |
ရောင်စဉ်တန်း ကိုဩဒိနိတ်များ | |
Hex triplet | #0000FF |
sRGBB (r, g, b) | (0, 0, 255) |
HSV (h, s, v) | (240°, 100%, 100%) |
CIELChuv (L, C, h) | (32, 131, 266°) |
ရင်းမြစ် | HTML/CSS[1] |
B: Normalized to [0–255] (byte) H: Normalized to [0–100] (hundred) |
အပြာရောင်သည် ရှေးခတ်အချိန်ကတည်းက အနုပညာနှင့် အလှဆင်ရာတွင် အရေးပါသောအရောင်တခုအဖြစ် ရှိခဲ့သည်။ နက်ပြာရောင်သည် စစ်ဘက်ဆိုင်ရာ တူညီဝတ်စုံအတွက် အသုံးအများဆုံး အရောင်တခုဖြစ်ပြီး ၂၀ ရာစုနှောင်းပိုင်းတွင် စီးပွားရေးဆိုင်ရာ ဝတ်စုံဖြစ်လာခဲ့သည်။ အပြာရောင်သည် စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုသောကြောင့် ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂတို့၏အလံတွင် ယင်းအရောင်အား အလံတွင် အသုံးပြုရန် ရွေးချယ်ကြသည်။[2]
အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတွင် အပြာရောင်သည် မိန်းကလေးနှင့် ယောက်ျားလေးတို့သည် ယင်းတို့တို့၏ အကြိုက်ဆုံးအပြာရောင်အဖြစ် ရွေးချယ်ကြသည်ကို အနည်းဆုံး စစ်တမ်းတခုမှ တွေ့ရှိထားသည်။ ယင်းတွင် တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့လည်း ပါဝင်လေသည်။[3][4]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.