![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/a/a7/Olympic_flag.svg/langmy-640px-Olympic_flag.svg.png&w=640&q=50)
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ နိုင်ငံကုဒ်များ
စာရင်းနှင့်ဆိုင်သော ဝီကီပီးဒီးယားဆောင်းပါး / From Wikipedia, the free encyclopedia
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ(IOC)သည် အိုလံပစ်အားကစားပြိုင်ပွဲဝင် နိုင်ငံများ၏အသင်းများအား ရည်ညွှန်းဖော်ပြရန်အတွက် အင်္ဂလိပ်အက္ခရာသုံးလုံးပါသော နိုင်ငံကုဒ်များကို အသုံးပြုကြသည်။[1] ထိုကုဒ်များသည် သက်ဆိုင်ရာ အမျိုးသား အိုလံပစ်ကော်မတီ(National Olympic Committee (NOC))များကို ကိုယ်စားပြုသည်။ သို့ပေမယ့် ကျင်းပခဲ့ပြီးသော အားကစားပြိုင်ပွဲများမှာ များစွာသော ကုဒ်များအား အခြားသော အကြောင်းအချက်များကြောင့် အသုံးပြုခဲ့သည်များလည်းရှိသည်။ (နိုင်ငံများစွာမှ ပေါင်းစုပြိုင်သော အားကစားသမားများအတွက် (သို့မဟုတ်) မည်သည့်နိုင်ငံကိုမှ တရားဝင်အားဖြင့် ကိုယ်စားပြုခြင်းမရှိသော ကစားသမားများအတွက်)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/a/a7/Olympic_flag.svg/640px-Olympic_flag.svg.png)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/7/7f/Paralympic_flag_%282019%29.svg/640px-Paralympic_flag_%282019%29.svg.png)
များစွာသော IOC ကုဒ်များသည် ISO 3166-1 alpha-3 ကုဒ်များနှင့် ကွဲပြားခြားနားကြသည်။ အခြားသော အားကစားအဖွဲ့အစည်းများဖြစ်သည့် ဖီဖာကဲသို့သော အဖွဲ့အစည်းများတွင် ဤကဲ့သို့နိုင်ငံကုဒ်များ အသုံးပြုသော်လည်း အချို့သာ ကွဲလွဲမှုရှိသည်။