![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/2/26/Gray1229.png/640px-Gray1229.png&w=640&q=50)
အပျိုမြှေး
From Wikipedia, the free encyclopedia
အပျိုမြှေး (Hymen) ခေါ် မလိင်အင်္ဂါ အမြှေးပါးသည် mucous အမြှေးပါး အခေါက် ဖြစ်ပြီး အပြင်ပိုင်း မအင်္ဂါပေါက်ကို တစိတ်တစ်ပိုင်းအားဖြင့် ကာထားသည်။ အပျိုမြှေးသည် မအင်္ဂါဇာတ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။[1][2] မြန်မာတို့သည် အပျိုမြှေးပေါက်လျှင် အပျိုမစစ် ဟုယူဆကြသော်လည်း အပျိုဟုတ်မဟုတ်မှာ အပျိုမြှေး ဖြင့်ဆုံးဖြတ်၍ မရသလို ကြိုတင် စစ်ဆေးရန်လည်း မဖြစ်နိုင်ပေ။ သံသယ ရှိသော မုဒိန်းမှုများတွင် မှု အပျိုမြှေး ပျက်မပျက် သေချာစွာ စစ်ဆေးနိုင်သော်လည်း အပျိုမြှေး စစ်ချက်တစ်ခုတည်းနှင့်တော့ အထူးသဖြင့် အရွယ် မရောက်သေးလျှင် အတည်မပြုနိုင်ပေ။[3] အပျိုမြှေး ၏ ပုံစံမှာ ထုံးစံအားဖြင့် လခြမ်းပုံရှိပြီး အခြားပုံ များစွာလည်း ရှိကြသည်။ သားမွေးပြီးနောက် အပျိုမြှေးကို carunculae myrtiformes ခေါ်ပြီး လုံးဝ မရှိပဲလည်း ဖြစ်နိုင်သည်။ [4]
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/2/26/Gray1229.png/320px-Gray1229.png)