အန်နေလ် အမ်ဘာနီ
From Wikipedia, the free encyclopedia
အန်နေလ် ဒီရူဘိုင် အန်ဘာနီ (မွေးနေ့ ၁၉၅၉ ခုနှစ် ဇွန်လ ၄ ရက်) ဩဇာညောင်းသည့် အန္ဒိယ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး အကြီးဆုံးပုဂ္ဂလိကပိုင်ကုမ္ပဏီ ပေါင်းစု တစ်ခုဖြစ် သော Reliance Anil Dhirubhai Ambani Group ၏ ဥက္ကဋ္ဌ ဖြစ်သည်။
အန်နေလ် အမ်ဘာနီ | |
---|---|
မွေးသက္ကရာဇ် | ဇွန် ၄ရက်၊ ၁၉၅၉ |
နိုင်ငံသား | အိန္ဒိယ |
လူမျိုး | အိန္ဒိယ |
ပညာရေး | မွန်ဘိုင်းတက္ကသိုလ်၊ ပင်န်ဆဲလ်ဗန်နီးယား တက္ကသိုလ် |
အလုပ်အကိုင် | Anil Dhirubhai Ambani Group ၏ ဥက္ကဋ္ဌ |
ကြွယ်ဝမှု | အမေရိကန်ဒေါ်လာ ၁၃.၇ ဘီလျံ |
ကြင်ဖော် | တီနာမူနင် |
တွဲဖက် | မူခက်ရှ် အမ်ဘာနီ(အကို) |
သားသမီး | ၂ယောက် |
အန်နေလ် ၏ အကိုကြီး မူခက်ရှ် အမ်ဘာနီ ၏ ဥစ္စာဓနပိုင်ဆိုင်မှုမှာ ဒေါ်လာ၂၉ ဘီလျံ ရှိပြီးအခြားကုမ္ပဏီတစ်ခုဖြစ်သော Reliance Industries ကိုပိုင်ဆိုင်သည်။ ၂၀၁၀ခုနှစ်တွင်ရရှိသောစာရင်းများအရ မုကက်ရှ်အမ်ဘာနီ၊ လက်ရှ်မီမိတယ်လ် နှင့် အဇင်မ်ပရမ်ဂျီ တို့၏နောက်တွင် အမေရိကန်ဒေါ်လာ ၁၃.၇ ဘီလီယံဖြင့် အိန္ဒိယ၏ စတုတ္ထမြောက်အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ်ရပ်တည်လျက်ရှိသည်။ သူသည် ပန်ဇယ်လ်ဗေးနီးယားတက္ကသိုလ်ရှိ ဝှါတန်ကျောင်း၏ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင်ဖြစ်သည်။ ထို့ပြင် သူသည် ကန်ပါရှိ အိန္ဒိယနည်းပညာတက္ကသိုလ်နှင့် အမီဒါဘတ်ရှိ စီမံခန့်ခွဲမှုတက္ကသိုလ် တို့တွင်လည်း အုပ်ချုပ်ရေးဘုတ်အဖွဲ့ဝင်ဖြစ်သည်။
စင်ထရယ်လျှပ်စစ်ထိန်းညှိရေးကော်မရှင်၏ ဗဟိုအကြံပေးကော်မတီအဖွဲ့ဝင်လည်းဖြစ်ခဲ့သည်။ ၂၀၀၅ခုနှစ် မတ်လ ၂၆ရက်တွင်ထိုအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခဲ့သည်။ ဂန္ဓီနာဂါးမြို့ရှိ (DA-llCT) အုပ်ချုပ်ရေးဘုတ်အဖွဲ့၏ ဥက္ကဋ္ဌလည်းဖြစ်သည်။