![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/d/db/Ant%25C3%25B3nio_Guterres%252C_23.03.23.jpg/640px-Ant%25C3%25B3nio_Guterres%252C_23.03.23.jpg&w=640&q=50)
အန်တိုနီရို ဂူတာရက်စ်
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် / From Wikipedia, the free encyclopedia
အန်တိုနီရို မန်နူရယ် ဒီ အိုလီဗာရီရာ ဂူတာရက်စ် (အင်္ဂလိပ်: António Manuel de Oliveira Guterres GCL GCC (ပေါ်တူဂီ အသံထွက်: [ɐ̃ˈtɔnju ɡuˈtɛʁɨʃ]; ၁၉၄၉ ဧပြီ ၃၀ ရက်နေ့ဖွား) သည် ပေါ်တူဂီလူမျိုး နိုင်ငံရေးသမား၊ သံတမန်တစ်ဦးဖြစ်ပြီး ကုလသမဂ္ဂ၏ နဝမမြောက် အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူ ဖြစ်သည်။ ၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[1]
အချက်တိုများ အန်တိုနီရို ဂူတာရက်စ် GCL GCC, နဝမမြောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ...
အန်တိုနီရို ဂူတာရက်စ် | |
---|---|
![]() | |
နဝမမြောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဇန်နဝါရီ ၂၀၁၇ | |
လက်ထောက် | အမီနာ မိုဟာမက် |
ယခင်လူ | ဘန်ကီမွန်း |
ဒဿမမြောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး | |
တာဝန်သက်တမ်း ၁၅ ဇူလိုင် ၂၀၀၅ – ၃၁ ဒီဇင်ဘာ ၂၀၁၅ | |
အထွေထွေ- အတွင်းရေးမှူး | ကိုဖီအန်နန် ဘန်ကီမွန်း |
ယခင်လူ | ရုလူဘာစ် |
ဆက်ခံသူ | ဖီလစ်ပို ဂရမ်ဒီ |
၁၁၄ ဦးမြောက် ပေါ်တူဂီဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ၂၈ အောက်တိုဘာ ၁၉၉၅ – ၆ ဧပြီ ၂၀၀၂ | |
သမ္မတ | မာရီယို ဆူအာရီ ဂျော့ဆန်ပိုင် |
ယခင်လူ | Aníbal Cavaco Silva |
ဆက်ခံသူ | José Manuel Barroso |
Socialist International ဥက္ကဋ္ဌ | |
တာဝန်သက်တမ်း နိုဝင်ဘာ ၁၉၉၉ – ဇွန် ၂၀၀၅ | |
ယခင်လူ | Pierre Mauroy |
ဆက်ခံသူ | George Papandreou |
ဆိုရှယ်လစ်ပါတီ (ပေါ်တူဂီ) အထွေထွေအတွင်းရေးမှူး | |
တာဝန်သက်တမ်း ၂၃ ဖေဖော်ဝါရီ ၁၉၉၂ – ၂၁ ဇန်နဝါရီ ၂၀၀၂ | |
သမ္မတ | António de Almeida Santos |
ယခင်လူ | Jorge Sampaio |
ဆက်ခံသူ | Eduardo Ferro Rodrigues |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | António Manuel de Oliveira Guterres (1949-04-30) ၃၀ ဧပြီ၊ ၁၉၄၉ (အသက် ၇၅) လစ်စဘွန်းမြို့၊ ပေါ်တူဂီနိုင်ငံ |
နိုင်ငံရေးပါတီ | ဆိုရှယ်လစ်ပါတီ |
ကြင်ဖော်(များ) | Luísa Guimarães e Melo (၁၉၇၂–၁၉၉၈) Catarina Vaz Pinto (၂၀၀၁–လက်ရှိ) |
သားသမီး | ၂ ဦး |
မိခင်ကျောင်း | Instituto Superior Técnico |
လက်မှတ် | ![]() |
ဝက်ဘ်ဆိုဒ် | António Guterres |
ပိတ်ရန်
ဂူတာရက်စ်သည် ၁၉၉၅ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ပေါ်တူဂီနိုင်ငံ ဝန်ကြီးချုပ်အဖြစ် လည်းကောင်း၊ ၁၉၉၂ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ပေါ်တူဂီ ဆိုရှယ်လစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ၁၉၉၉ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ဆိုရှယ်လစ်အင်တာနေရှယ်နယ်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။