အန်ဆဲလ်ဒပ်စ် (ဂြိုဟ်ရံလ)
From Wikipedia, the free encyclopedia
အန်ဆဲလ်ဒပ်စ် (အင်္ဂလိပ်: Enceladus) သည် စနေဂြိုဟ်၏ ဆဌမမြောက် အကြီးဆုံး ဂြိုဟ်ရံလဖြစ်ပြီး အချင်းအားဖြင့် ၅၀၀ ကီလိုမီတာရှိကာ[3] စနေဂြိုဟ်၏ အကြီးဆုံးလဖြစ်သော တိုက်တန်၏ ၁၀ ပုံ ၁ ပုံခန့်ရှိသည်။ အန်ဆဲလ်ဒပ်စ်၏ အများစုကို ကြည်လင်သောရေခဲများဖြင့် ဖုံးလွှမ်းထားပြီး နေအဖွဲ့အစည်း၌ ရောင်ပြန်ဟပ်အကောင်းဆုံး ကိုယ်ထည်တစ်ခုဖြစ်သည်။ အကျိုးဆက်အားဖြင့် မွန်းတည့်ချိန်တွင် မျက်နှာပြင်အပူချိန်မှာ အနုတ် ၁၉၈ ဒီဂရီ ဆယ်ဆီးယပ် ရှိလေသည်။ ကိုယ်ထည် သေးငယ်သော်လည်း အန်ဆဲလ်ဒပ်စ်သည် လွန်ခဲ့သော နှစ်သိန်းပေါင်း ၁၀၀ ခန့်က ဖွဲ့တည်ခဲ့သည့် မီးတောင်ဝများ တည်ရှိသည်။
View of trailing hemisphere in natural color[lower-alpha 1] | |||||||||||||
ရှာဖွေတွေ့ရှိခြင်း | |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
ရှာဖွေတွေ့ရှိခဲ့သူ | ဝီလီယံ ဟာရှယ် | ||||||||||||
ရှာဖွေတွေ့ရှိသည့် ရက်စွဲ | August 28, 1789[1] | ||||||||||||
အသံထွက် | /ɛnˈsɛlədəs/ | ||||||||||||
အခြားအမည်များ | Saturn II[2] | ||||||||||||
ပါဝင်အရာဝတ္ထုများ | Enceladean, Enceladan[lower-alpha 2] | ||||||||||||
ပတ်လမ်း ဂုဏ်အင်များ | |||||||||||||
ဆီမီး မေဂျာ ဝင်ရိုး | 7008237948000000000♠237948 km[3] | ||||||||||||
ပတ်လမ်း ဗဟိုကျမှု | 6997470000000000000♠0.0047[3][4] | ||||||||||||
ပတ်လမ်း ကာလ | 7005118386835200000♠1.370218 d[3] | ||||||||||||
ပတ်လမ်း တိမ်းစောင်းမှု | 0.019° (to Saturn's equator) | ||||||||||||
ဂြိုဟ်ရံလများ | စနေဂြိုဟ် | ||||||||||||
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်အင်များ | |||||||||||||
ဒိုင်မင်းရှင်း | 513.2 × 502.8 × 496.6 km[3][5] | ||||||||||||
ပျမ်းမျှ အချင်းဝက် | 7005252100000000000♠252.1±0.2 km[3][5] (6998395000000000000♠0.0395 Earths, 6999145100000000000♠0.1451 Moons) | ||||||||||||
ဒြပ်ထု | 7020108022000000000♠(1.08022±0.00101)×1020 kg[3][6] (1.8×10−၅ Earths) | ||||||||||||
ပျမ်းမျှ သိပ်သည်းဆ | 7000160900000000000♠1.609±0.005 g/cm3[3][5] | ||||||||||||
မျက်နှာပြင် ဒြပ်ဆွဲအား | 0.113 m/s2 (6998113000000000000♠0.0113 g) | ||||||||||||
အင်နားရှားကိန်း | ~0.335[7] (estimate) | ||||||||||||
လွတ်မြောက်အလျင် | 0.239 km/s (860.4 km/h)[3] | ||||||||||||
လှည့်ပတ်ကာလ | Synchronous | ||||||||||||
ဝင်ရိုးတိမ်းစောင်းမှု | Zero | ||||||||||||
Albedo | 7000137500000000000♠1.375±0.008 (geometric at 550 nm)[8] or 6999810000000000000♠0.81±0.04 (Bond)[9] | ||||||||||||
| |||||||||||||
မြင်သာသော ပမာဏ | 11.7[11] | ||||||||||||
လေထု | |||||||||||||
မျက်နှာပြင် လေထုဖိအား | Trace, significant spatial variability[12][13] | ||||||||||||
လေထု၌ ဓာတုပါဝင်နှုန်း | 91% ရေငွေ့ 4% နိုက်ထရိုဂျင် 3.2% ကာဗွန်ဒိုင်အောက်ဆိုဒ် 1.7% မီသိန်း[14] |
အန်ဆဲလ်ဒပ်စ်ကို ၁၇၈၉ ဩဂုတ်လ ၂၈ ရက်တွင် ဝီလီယံ ဟာရှယ်က ရှာဖွေတွေ့ရှိခဲ့သည်။[1][15][16] သို့သော် ဗွိုင်ယေဂျာ ၁ နှင့် ဗွိုင်ယေဂျာ ၂ အာကာသယာဉ်များ ၁၉၈၀ ခုနှစ်များတွင် စနေဂြိုဟ်သို့ ဖြတ်ပျံသည့်အချိန်မတိုင်ခင်ထိ အသေးစိတ် မသိခဲ့ရပေ။ ၂၀၀၅ ခုနှစ်တွင် ကာစီနီ-ဟိုင်ဂျင် အာကာသယာဉ်မှ အန်ဆဲလ်ဒပ်စ်အနီးသို့ အကြိမ်များစွာ ဖြတ်ပျံသန်းရာ ယင်း၏ မျက်နှာပြင်နှင့် ပတ်ဝန်းကျင်များကို အသေးစိပ်ကျကျ ဖော်ထုတ်ခဲ့သည်။