မုံရွာမြို့အခြေစိုက် တပ်မတော်တိုင်းစစ်ဌာနချုပ် From Wikipedia, the free encyclopedia
အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် နမခ) သည် မုံရွာမြို့(မုံရွာ-ရေဦးအဝေးပြေးလမ်းမကြီးအနီး)တွင် အခြေစိုက် တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်သည်။ အဓိက တာဝန်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးမြောက်ပိုင်း၊ ချင်းပြည်နယ်ရှိ ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံ တပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် သန်းထိုက် (ကြည်း - ၂၈၁၄၆) (စတသ - ၃၈) ဖြစ်သည်။
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (စက်တင်ဘာ ၂၀၂၁) |
အနောက်မြောက်တိုင်းစစ်ဌာနချုပ် | |
---|---|
နမခ | |
အနောက်မြောက်တိုင်းစစ်ဌာနချုပ်တံဆိပ် | |
နိုင်ငံ | မြန်မာ |
တပ်မတော် အမျိုးအစား | တပ်မတော် (ကြည်း) |
တပ် အမျိုးအစား | တိုင်းစစ်ဌာနချုပ် |
အခန်းကဏ္ဍ | နယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း |
စခန်းမှူး | ဒုတိယဗိုလ်မှူးကြီး ဇေယျာမင်း |
အမည်ပြောင် | လေး နဲ့ မြှား |
အရောင်များ | |
အုပ်ချုပ်သူများ | |
တိုင်းမှူး | ဗိုလ်ချုပ် သန်းထိုက် |
ဒုတိယတိုင်းမှူး | ဗိုလ်မှူးချုပ် မိုးဟိန်း |
တိုင်းဦးစီး | ဗိုလ်မှူးချုပ် ကျော်စွာဝင်း |
အဆောင်အယောင်များ | |
အလံတော် |
၁၉၆၁ခုနှစ် အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စတင်ဖွဲ့စည်းချိန်က မန္တလေးမြို့တွင် အခြေစိုက်သည်။ ထိုစဉ်က ပထမဆုံးတိုင်းမှူးမှာ ဗိုလ်မှူးချုပ်စန်းယုဖြစ်သည်။၁၉၈၈ခုနှစ်နောက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ခွဲခြားကာ တောင်ငူအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အား မန္တလေးမြို့သို့ပြောင်းရွှေ့ခဲ့သည်။ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ မုံရွာမြို့သို့ ပြောင်းရွှေ့အခြေစိုက်သည်။ တောင်ငူတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟူ၍ အသစ်ထပ်မံဖွဲ့စည်းခဲ့သည်။[1][2][3]
နမခ နယ်မြေအတွင်းတွင် တည်ရှိသော စစ်ဌာနချုပ်များ နှင့် ၎င်း၏ကွပ်ကဲမှုအောက် စစ်ဗျူဟာများနှင့် လက်အောက်ခံ တပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.