အနောက်တောင်တိုင်းစစ်ဌာနချုပ်
ပုသိမ်မြို့အခြေစိုက် တပ်မတော်တိုင်းစစ်ဌာနချုပ် / From Wikipedia, the free encyclopedia
အနောက်တောင်တိုင်းစစ်ဌာနချုပ် (အတိုကောက် နတခ) သည် ပုသိမ်မြို့တွင် အခြေစိုက်သော တိုင်းစစ်ဌာနချုပ် တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ဧရာဝတီတိုင်းဒေသကြီးနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် ဝေလင်း (ကြည်း - ၂၉၃၆၉) (စတသ - ၃၉) ဖြစ်သည်။[1][2]
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (စက်တင်ဘာ ၂၀၂၁) |
အချက်တိုများ အနောက်တောင်တိုင်းစစ်ဌာနချုပ်, နိုင်ငံ ...
အနောက်တောင်တိုင်းစစ်ဌာနချုပ် | |
---|---|
နတခ | |
အနောက်တောင်တိုင်းစစ်ဌာနချုပ်တံဆိပ် | |
နိုင်ငံ | မြန်မာ |
တပ်မတော် အမျိုးအစား | တပ်မတော် (ကြည်း) |
တပ် အမျိုးအစား | တိုင်းစစ်ဌာနချုပ် |
အခန်းကဏ္ဍ | နယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း |
အမည်ပြောင် | ဒီရေလှိုင်း |
အုပ်ချုပ်သူများ | |
တိုင်းမှူး | ဗိုလ်ချုပ်ဝေလင်း |
ဒုတိယတိုင်းမှူး | ဗိုလ်မှူးကြီး ရဲလင်းအောင် |
အဆောင်အယောင်များ | |
အလံတော် |
ပိတ်ရန်