![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/f/fc/WyomingInfraRedObservatory.jpg/640px-WyomingInfraRedObservatory.jpg&w=640&q=50)
အနီအောက်ရောင်ခြည် တယ်လီစကုပ်
နက္ခတဆိုင်ရာ ကိုယ်ထည်များကို ခြေရာခံသည့် အနီအောက်ရောင်ခြည်သုံး တယ်လီစကုပ် / From Wikipedia, the free encyclopedia
အနီအောက်ရောင်ခြည် တယ်လီစကုပ် ဆိုသည်မှာ အနီအောက်ရောင်ခြည်ကို အသုံးပြုပြီး နက္ခတ္တဆိုင်ရာ ကိုယ်ထည်များကို ခြေရာခံသည့် တယ်လီစကုပ်ပင်ဖြစ်သည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/f/fc/WyomingInfraRedObservatory.jpg/640px-WyomingInfraRedObservatory.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/7/7c/SOFIA_with_open_telescope_doors.jpg/640px-SOFIA_with_open_telescope_doors.jpg)
- အပူချိန် သုညအထက်ရှိသော နက္ခတ္တဆိုင်ရာ ကိုယ်ထည်များအားလုံးသည် လျှပ်စစ်သံလိုက်ဖြာထွက်ခြင်း ပုံစံတစ်မျိုးကို ထုတ်လွှင့်သည်။[1] စကြဝဠာအား လေ့လာရန် သိပ္ပံပညာရှင်များသည် ကွဲပြားခြားနားသော လျှပ်စစ်သံလိုက်ရောင်စဉ်များရှိ ထုတ်လွှင့်ရောင်ခြည်များကို ခြေရာခံရန် များစွာသော တယ်လီစကုပ်အမျိုးအစားများကို အသုံးပြုကြသည်။ အချို့သောရောင်ခြည်များမှာ အနီအောက်ရောင်ခြည်အပါအဝင် ဂါမာရောင်ခြည်၊ အိတ်ဇ်ရေး၊ ခရမ်းလွန်ရောင်ခြည်၊ ပုံမှန် မြင်နိုင်သောအလင်းတို့ ဖြစ်ကြသည်။