![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/f/f3/Adele_-_Live_2016%252C_Glasgow_SSE_Hydro_03.jpg/640px-Adele_-_Live_2016%252C_Glasgow_SSE_Hydro_03.jpg&w=640&q=50)
အဒဲလ်
အင်္ဂလိပ် အဆိုတော်နှင့် တေးရေးဆရာ / From Wikipedia, the free encyclopedia
အဒဲလ် (အင်္ဂလိပ်: Adele Laurie Blue Adkins) သည် ကမ္ဘာကျော် ဗြိတိသျှအဆိုတော်၊ တေးရေးသူတစ်ဦးလည်းဖြစ်၏။ အမေရိကန်နိုင်ငံမှချီးမြှင့်သော ဂရမ်မီဆု၏ ၂၀၀၉ ခုနှစ် ၅၁ကြိမ်မြောက်ဆုပေးပွဲတွင် အကောင်းဆုံးမျက်နှာသစ်အဆိုတော်ဆု နှင့် အကောင်းဆုံးအမျိုးသမီးပေါ့တေးသံရှင်ဆု (Best Female Pop Vocal Performance)၊ ၂၀၁၂ ခုနှစ် ၅၄ကြိမ်မြောက်ဆုပေးပွဲတွင် တစ်နှစ်တာ အကောင်းဆုံးအယ်လ်ဘမ်ဆု (Album of the Year)၊ 'အကောင်းဆုံးပေါ့ပ်ဂီတ တတစ်ကိုယ်တော်ဖျော်ဖြေမှုဆု' (Best Pop Solo Performance) အပါအဝင် ဆုကြီး ၆ ဆုကို ရရှိခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် သူမရဲ့သူငယ်ချင်းတစ်ဦးက အစမ်းသဘောသွင်းထားသည့် သူမသီချင်းကို Myspace ဝက်ဘ်ဆိုက်ဒ်သို့ တင်လိုက်ပြီးနောက် XL တေးသံသွင်းကုမ္ပဏီက အဒဲလ်အား သီချင်းဆိုရန်စာချုပ်ကမ်းလှမ်းခဲ့သည်။ နောက်တစ်နှစ်တွင် ဗြိတိသျှတေးသီချင်းအကဲဖြတ်ဝေဖန်သူများရဲ့ဆု ကိုရရှိခဲ့ပြီး ၂၀၀၈တွင် ဘီဘီစီ၏ အသံဆု (the BBC Sound of 2008) ကိုရရှိခဲ့လေသည်။
အဒဲလ် (Adele) | |
---|---|
![]() Adele performing in 2016 | |
ကိုယ်ရေး အချက်အလက်များ | |
အမည်ရင်း | Adele Laurie Blue Adkins |
မွေးဖွား | (1988-05-05) ၅ မေ၊ ၁၉၈၈ (အသက် ၃၆) တော့တန်ဟမ်၊ လန်ဒန်မြို့၊ ![]() |
ဂီတဟန် | ဆိုးလ် (Soul)၊[1] ဘလူးစ် (blues)၊ ခေတ်ပေါ်ပေါ့ပ် (pop) |
အလုပ်အကိုင် | အဆိုတော်၊ တေးရေးသူ |
တူရိယာ | Vocals, guitar, piano, bass, celesta, percussion, keyboard |
တက်ကြွသည့်နှစ်များ | ၂၀၀၆–လက်ရှိ |
တေးသံသွင်း ကုမ္ပဏီ | XL၊ Columbia |
ဝက်ဘ်ဆိုက် | adele.tv |