မြန်မာနိုင်ငံရှိ ဓာတ်ပုံအသင်းကြီးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော NGO အသင်းတစ်ခုဖြစ်သည် From Wikipedia, the free encyclopedia
အထက်မြန်မာပြည်ဓာတ်ပုံအသင်းသည် မြန်မာနိုင်ငံရှိ ဓာတ်ပုံအသင်းကြီးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော NGO အသင်းတစ်ခုဖြစ်သည်။
ဤဆောင်းပါး၏ အကြောင်းအရာသည် ဝီကီပီးဒီးယား၏ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများများအတွက် ထင်ရှားအရေးပါမှု လမ်းညွှန်ချက်နှင့် မကိုက်ညီခြင်း ဖြစ်နေနိုင်သည်။ |
အသင်းကြီး စတင်တည်ထောင်သောနေ့ရက်နှင့် ဖွဲ့စည်းစဉ်က ပါဝင်သော ပုဂ္ဂိုလ်များမှာ ၁၉၇၂ ခုနှစ် ဧပြီလ (၉)ရက် တနင်္ဂနွေနေ့ (၁၃၃၃ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော် ၁၁ ရက်) တွင် အသင်းသား (၄၉) ယောက်က လျှို့ဝှက် ဆန္ဒမဲပေး၍ ဥက္ကဋ္ဌ ဗိုလ်မှူးဗတင်၊ ဒု ဥက္ကဋ္ဌ ဦးအောင်ဒင်၊ အတွင်းရေးမှူး ဦးခင်မောင်လေး(ဟံသာဝတီ)၊ တွဲဖက်အတွင်းရေးမှူး ဦးအေးမောင်(ချယ်ရီ)၊ ပြန်ကြားရေးမှူး ဦးလှမြင့် (ကြေးမုံ)၊ ဘဏ္ဍာရေးမှူး ဦးဘသိန်း(ရွှေကျေး)၊ စာရင်းစစ် ဦးသိန်းမောင်(မလွန်)၊ အဖွဲ့ဝင်များအဖြစ် ဦးမောင်မောင်လွင်(အင်းဝ)၊ ဦးချစ်ဝိန်၊ ဦးခင်မောင်ညီ၊ ဦးမြတ်ကျော်(မိုးကျော်သူ)၊ ဦးအောင်သန်း(ပိုက်ကျုံး)၊ ဦးအောင်ကြီး(ဝါးတန်း) တို့ပါဝင်သော အမှုဆောင်အဖွဲ့ကို ရွေးချယ်ပြီး အထက်မြန်မာပြည်ဓာတ်ပုံ အသင်းကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။[1]
ယခုအခါ အသင်းရုံးခန်းအား ရတနာပုံ စူပါစင်တာ စတုတ္ထအထပ် ၊ ၃၄ လမ်း၊ ၇၇ နှင့်၇၈ လမ်းကြား ၊ချမ်းအေးသာစံမြို့နယ်၊မန္တလေးမြို့တွင် ဖွင့်လှစ်ထားသည်။[2]
မော်ဒယ် အလှ ရိုက်ကူးခြင်း၊ ခရီးတို ခရီးရှည် ထွက်၍ ဓာတ်ပုံရိုက်ကူးခြင်း၊ လူသစ်တန်း နှင့် အကြီးတန်း ခွဲ၍ လစဉ် ဓာတ်ပုံပြိုင်ပွဲများကျင်းပခြင်း၊ Online ဓာတ်ပုံပြိုင်ပွဲများကျင်းပခြင်း၊ နှစ်စဉ် ဇန်နဝါရီလ တွင် နှစ်ပတ်လည် ဓာတ်ပုံပြိုင်ပွဲများ ကျင်းပခြင်း၊ ဓာတ်ပုံပညာ ပြန့်ပွားရေးအတွက် သင်တန်းများဖွင့်လှစ်ခြင်း၊ Workshop နှင့် စကားဝိုင်းများ ဟောပြောပွဲများကျင်းပခြင်းတို့ကိုဆောင်ရွက်လျက်ရှိသည်။
အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၏ ဖိတ်ခေါ်ဓာတ်ပုံ ပြိုင်ပွဲများ၊ ဓာတ်ပုံသင်တန်းများကိုလည်း စီစဉ် ကျင်းပပေးလျက်ရှိသည်။ အစိုးရဌာနများအတွက် ဖွင့်လှစ်သော ဓာတ်ပုံပညာရပ်ဆိုင်ရာ သင်တန်းများတွင်လည်း အသင်းမှ ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည်။[2]
၂ဝ၂၂ ခုနှစ် တွင် နှစ်(၅ဝ) ရွှေရတု ပြည့်မည်ဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.