အရောင် From Wikipedia, the free encyclopedia
အညိုရောင်သည် ပေါင်းစပ်ရောင်အဖြစ် ယူဆနိုင်သော်လည်း အဓိကအားဖြင့် လိမ္မော်ရင့်ရောင် ဖြစ်သည်။ ခေတ်ပေါ် အရောင်ပေါင်းစပ်ခြင်းနှင့် စာရိုက်ခြင်း၊ ပုံနှိပ်လုပ်ငန်းတို့တွင် အညိုရောင်အား လိမ္မော်ရောင်နှင့် အနက်ရောင်တို့ကို ပေါင်းစပ်ခြင်းမှ ပြုလုပ်လေ့ရှိသည်။[2][3][4] ရုပ်မြင်သံကြားနှင့် ကွန်ပျူတာ မျက်နှာပြင်များရှိ အညိုရောင်အား ပုံဖော်ရာတွင် အနီရောင်နှင့် အစိမ်းရောင်တို့ကို ပေါင်းစပ်ခြင်းမှ ထွက်လာသည်။
အညိုရောင်အား သဘာဝလောကတွင် ကျယ်ပြန့်စွာ မြင်တွေ့နိုင်သည်။ ဥပမာ သစ်သား၊ ဆံပင်အရောင်၊ မျက်လုံးအရောင် စသည်တို့ဖြစ်သည်။ အညိုရောင်သည် သစ်သားမည်းအရောင် သို့မဟုတ် မြေဆီကောင်းသောအရောင် ဖြစ်သည်။[5]
ဥရောပနှင့် အမေရိကရှိ စစ်တမ်းများအရ အညိုရောင်သည် လူကြိုက်အနည်းဆုံး အရောင်တခုဖြစ်သည်။ တခါတရံတွင် အညိုရောင်သည် ရိုးရှင်းမှု၊ ဆင်းရဲမွဲတေမှု စသည်တို့နှင့်လည်း ဆက်စပ်လေ့ရှိသည်။[6]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.