အစိမ်းရောင် ဆောက်လုပ်ရေး
From Wikipedia, the free encyclopedia
အစိမ်းရောင် ဆောက်လုပ်ရေးဆိုသည်မှာ ဒီဆိုင်းပုံရေးဆွဲခြင်းမှစ ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေးအထိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝ အရင်းအမြစ် ခြိုးခြံချွေတာရေးကို ဦးစားပေးကာ ဆောက်လုပ်သည့် လုပ်ငန်းစဉ် ဖြစ်သည်။[1] အဓိက ရည်မှန်းချက်မှာ သဘာဝဝန်းကျင်နှင့် လူ့ကျန်းမာရေးအပေါ် သက်ရောက်မှု လျော့နည်းစေရေး ဖြစ်သည်။ ဤရည်မှန်းချက်ကို အောက်ပါ နည်းလမ်းများဖြင့် အကောင်အထည် ဖော်ကြသည်။
- စွမ်းအင်၊ ရေနှင့် အခြား အရင်းအမြစ်များအား အကျိုးရှိရှိ အသုံးချခြင်း၊
- စွန့်ပစ်ပစ္စည်း၊ ညစ်ညမ်းမှုနှင့် ယိုယွင်းမှု လျှော့ချခြင်း၊
- နေထိုင်သူ၏ ကျန်းမာရေးကို ကာကွယ်ပေးခြင်းနှင့် ထုတ်လုပ်စွမ်းအား မြှင့်တင်ပေးခြင်း။ [1]
![Thumb image](http://upload.wikimedia.org/wikipedia/commons/f/fd/Kansas_stc.jpg)