From Wikipedia, the free encyclopedia
အင်းဆက် ဆိုသည်မှာ ခြင်၊ ယင်ကောင်၊ ပျားစသော ကျောရိုးမဲ့ ပိုးကောင်များကို ဆိုလိုသည်။ အင်းဆက်များသည် တိရစ္ဆာန်အုပ်စုများတွင် မူကွဲအများဆုံးဖြစ်ပြီး မျိုးစိတ်ပေါင်း ၁ သန်းထက်မက ဖော်ပြထားကာ သက်ရှိဇီဝများအားလုံး၏ ထက်ဝက်မကသော ပမာဏကို ကိုယ်စားပြုသည်။[1][2] အသစ်ပေါ်ပေါက်လာသော မျိုးစိတ်များမှာ ခန့်မှန်းခြေ ၆ သန်းမှ ၁၀ သန်းဝန်းကျင်ရှိသည်။[1][3][4] ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါများအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော်မှာ အင်းဆက်များဖြစ်ကြသည်။[4][5] မျိုးစိတ်အနည်းငယ်ခန့်သည် ပင်လယ်တွင်နေထိုင်ကြသော်လည်း အင်းဆက်များကို ပတ်ဝန်းကျင်အားလုံးနီးပါးတွင် တွေ့မြင်ရသည်။ အင်းဆက်အားလုံးနီးပါးသည် ဥမှ သားပေါက်ကြသည်။
အင်းဆက် Temporal range: Carboniferous–Present | |
---|---|
Diversity of insects from different orders. | |
A chorus of several Magicicada species | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Arthropoda |
မျိုးပေါင်းစုသေး: | Hexapoda |
(unranked): | Ectognatha |
မျိုးပေါင်း: | Insecta Linnaeus, 1758 |
အုပ်စုခွဲများ | |
Synonyms | |
|
အင်းဆက်ပိုးမွှားများ၊ အခြားသော ကုန်းနေကျောရိုးမဲ့သတ္တဝါများနှင့် ခြေထောက်များစွာပါဝင်သော ပိုးမွှားများကို ပိုးကောင်များဟု ခေါ်ဝေါ်ကြသည်။[6]
{Main|အင်းဆက် ဇီဝမျိုးကွဲများ}}
သိသိသာသာကွဲပြားသော အင်းဆက်မျိုးစိတ်များ၏ ခန့်မှန်းခြေစုစုပေါင်းတွင် အင်းဆက်မျိုးစိတ်ပေါင်း ၅.၅သန်းခန့် ရှိနေကြောင်း အကြံပြုထားသည်။ ၎င်းတို့အနက် တစ်သန်းခန့်ကို အမည်ပေး ဖော်ပြထားသည်။ [7] ၎င်းတို့သည် တိရစ္ဆာန်၊ အပင် နှင့် မှို အပါအဝင် ယူကရီယို မျိုးစိတ်အားလုံး၏ ထက်ဝက်ခန့်ဖြင့် ဖွဲ့စည်းထားသည်။ [8] အကွဲပြားဆုံး အင်းဆက် Orderမျိုးစဉ် များမှာ Hemiptera (အင်းဆက်ပိုးများ )၊ Lepidoptera (လိပ်ပြာနှင့် ဖလံများ)၊ Diptera (ယင်ကောင်များ)၊ Hymenoptera (နကျယ်၊ ပုရွက်ဆိတ်၊ ပျား) နှင့် Coleoptera (ပိုးတောင်မာများ)၊ တစ်ခုစီတွင် ဖော်ပြထားသော မျိုးစိတ်ပေါင်း 100,000 ကျော်ရှိသည်။ [7]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.