အင်ဒရီး မယ်ရီ အမ်ပီယာ
From Wikipedia, the free encyclopedia
အင်ဒရီး မယ်ရီ အမ်ပီယာ (၁၇၇၅-၁၈၃၆) သည် ၁၉ ရာစုက ပေါ်ထွန်းခဲ့သော ပြင်သစ် သိပ္ပံပညာရှင်တစ်ဦးဖြစ်သည်။ လိုင်ယွန်မြို့အနီးရှိ ပိုလီမီးရဲ (Polemieux) အရပ်ဒေသတွင် မွေးဖွားခဲ့သည်။
အချက်တိုများ André-Marie Ampère, မွေးဖွား ...
André-Marie Ampère | |
---|---|
Engraving of André-Marie Ampère | |
မွေးဖွား | (1775-01-20)၂၀ ဇန်နဝါရီ၊ ၁၇၇၅ Lyon, Kingdom of France |
ဆုံးပါး | ၁၀ ဇွန်၊ ၁၈၃၆(1836-06-10) (အသက် ၆၁) Marseille, Kingdom of France |
နိုင်ငံလူမျိုး | ပြင်သစ်လူမျိုး |
နယ်ပယ် | ရူပဗေဒ |
အဖွဲ့အစည်းဌာန | École Polytechnique |
ကျော်ကြားမှုအရင်းခံ | အမ်ပီယာ လျှပ်စစ်ပတ်လမ်းနိယာမ, အမ်ပီယာအားနိယာမ |
လက်မှတ် |
ပိတ်ရန်
အင်ဒရီး မယ်ရီ အမ်ပီယာသည် လျှပ်စစ်ဓာတ်အားနှင့် သံလိုက်စက်ကွင်း တို့ကြားတွင် ဆက်စပ်မှုရှိနေခြင်းကို စူးစမ်းရှာဖွေခဲ့သော သိပ္ပံပညာရှင်များအနက် ထင်ရှားသော ပြင်သစ်သိပ္ပံပညာရှင်တစ်ဦးအဖြစ် သိမှတ်ကြရသည်။ အကြောင်းအရင်းမှာ သူသည် ၁၈၂၀ ခုနှစ်တွင် လျှပ်စစ်သံလိုက်အကျိုးပြုမှု သဘောတရား (principle of electromagnetic reaction) ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်းကြောင့်လည်းဖြစ်သည်။ *အမ်ပီယာ