![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/a/ab/Internet_of_Things.jpg/640px-Internet_of_Things.jpg&w=640&q=50)
အင်တာနက်ချိတ်ဆက် ပစ္စည်းများ
From Wikipedia, the free encyclopedia
အင်တာနက်ချိတ်ဆက်ပစ္စည်းများ (Internet of Things သို့ IoT) ဆိုသည်မှာ ရုပ်ဝတ္ထုကိရိယာများ၊ ယာဉ်များ၊ အိမ်သုံးပစ္စည်းများနှင့် အခြားသော အီလက်ထရွန်းနစ်၊ ဆော့ဖ်ဝဲလ်၊ ဆင်ဆာများ၊ အကျုရေတာများ နှင့် အင်တာနက်ချိတ်ဆက်မှုတို့ ပါဝင်သော ကိရိယာများကို ချိတ်ဆက်ထားသော ကွန်ယက်ဖြစ်ပြီး ၎င်းတို့အချင်းချင်း ချိတ်ဆက်နိုင်ပြီး အချက်အလက်များကိုလည်း ဖလှယ်နိုင်ကြ၍ [1][2][3][4][5][6] ရူပကမ္ဘာအား ကွန်ပျူတာအခြေခံစနစ် အတွင်းသို့ တိုက်ရိုက်ချိတ်ဆက်နိုင်ရန် အခွင့်အလမ်းပိုဖြစ်စေကာ လုပ်နိုင်စမ်းပိုကောင်းလာခြင်း၊ စီးပွားရေး အကျိုးအမြတ် ပိုရှိလာစေခြင်းနှင့် လူတို့ပါဝင်ပတ်သက်မှုကို လျှော့ချနိုင်ခြင်းတို့ ဖြစ်ပေါ်စေသည်။[7][8][9][10]
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/a/ab/Internet_of_Things.jpg/640px-Internet_of_Things.jpg)
အိုင်အိုတီ ကိရိယာများသည် တစ်နှစ်လျှင် ၃၁% မျှ တိုးတက်နေရာ ၂၀၁၇ တွင် ၈.၄ ဘီလီယံ အထိ ရှိလာခဲ့ပြီး [11] ၂၀၂၀တွင် ကိရိယာပေါင်း ဘီလီယံ ၃၀ အထိ ရှိလာမည်ဟု ခန့်မှန်းရသည်။[12] အိုင်အိုတီ၏ တကမ္ဘာလုံး ဈေးကွက်တန်ဖိုးသည် ၂၀၂၀ တွင် ၇.၁ ထရီလီယံ အထိ ရောက်ရှိလာမည်ဟု ခန့်မှန်းရသည်။ [13]