![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/9/9e/Maquina_vapor_Watt_ETSIIM.jpg/640px-Maquina_vapor_Watt_ETSIIM.jpg&w=640&q=50)
အင်ဂျင်နီယာ နည်းပညာ
From Wikipedia, the free encyclopedia
အင်ဂျင်နီယာ နည်းပညာ ဆိုသည်မှာ စက်ပစ္စည်းများ၊ ကိရိယာတန်ဆာပလာများ၊ အဆောက်အဦများနှင့် ၎င်းတို့၏ ဗိသုကာ၊ ဒြပ်ဝတ္ထုပစ္စည်းနှင့် ၎င်းတို့၏ဖွဲ့စည်းတည်ဆောက်ပုံများအား လူနေမှုဘဝ၊ သင်္ချာပညာ ၊ စီးပွားရေးအမြင်နှင့် အသုံးချသိပ္ပံပညာရပ်များဖြင့် တွဲစပ်၍ လူနေမှုအဖွဲ့အစည်း၌ လစ်ဟာလျက်ရှိသော လိုအပ်ချက်များအပေါ် ဘေးကင်းလုံခြုံစွာ ဖန်တီးတည်ဆောက်ပေးနိုင်သည့် အနုသုခုမ၊ စည်းမျဉ်းဥပဒေသနှင့် ကျွမ်းကျင်မှုပေါင်းစပ်ဖွဲ့တည်ထားသော အသုံးချ သိပ္ပံပညာရပ်ကို ခေါ်ဆိုသည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/9/9e/Maquina_vapor_Watt_ETSIIM.jpg/640px-Maquina_vapor_Watt_ETSIIM.jpg)
အမေရိကန် အင်ဂျင်နီယာများ အတိုင်ပင်ခံအဖွဲ့အစည်း (ECPD မူလအခေါ် (Accreditation Board for Engineering and Technology, ABET)[1] မှဖွင့်ဆိုထားသည့် "အင်ဂျင်နီယာ နည်းပညာ" ဆိုသည်မှာ:
သိပ္ပံပညာ၏ အခြေခံနိယာမများအပေါ် အခြေခံ၍ ဖန်တီးပုံဖော်ထားသော သို့မဟုတ် တိုးတက်ပြောင်းလဲ လာသော ဖွဲ့စည်းတည်ဆောက်ပုံများ၊ စက်ပစ္စည်းများ၊ စက်ပစ္စည်း ကိရိယာများ၊ သို့တည်းမဟုတ် ထုတ်လုပ်မှု လုပ်ငန်းစဉ်များ သို့တည်းမဟုတ် ၎င်းတို့အား တစ်ခုချင်းစီ သို့မဟုတ် ပေါင်းစပ်စုစည်း လုပ်ဆောင်မှုများ၊ သို့တည်းမဟုတ် တည်ဆောက်ရန်နှင့် လည်ပတ်လုပ်ဆောင်ရန် ပြည့်ဝစွာ သိရှိထားရမည့် ၎င်းတို့၏ တည်ဆောက်ပုံများ၊ သို့တည်းမဟုတ် လည်ပတ်လုပ်ဆောင်မှု အခြေအနေတစ်ခုအောက်၌ ဖြစ်ပေါ်သက်ရောက်နိုင်သည့် ၎င်းတို့၏ အပြုအမူများ၊ ရည်မှန်းချက် ပန်းတိုင်၊ စီးပွားရေး အကျိုးအမြတ်နှင့် လူမှုဘဝ လုံခြုံရေးဆိုသည်များအား ခန့်မှန်းလေ့လာသော ပညာရပ်ဖြစ်သည်။[2][3][4]
အင်ဂျင်နီယာ နည်းပညာအား ဆည်းပူးသင်ကြား လေ့လာဖူးသူ မည်သူမဆို အင်ဂျင်နီယာ ဟု သတ်မှတ်ခေါ်ဆိုနိုင်ပြီး သက်ဆိုင်ရာ ပညာရပ်အလိုက် ရရှိသော လက်မှတ်ပေါ် မူတည်ပြီး ကျွမ်းကျင် အင်ဂျင်နီယာ၊ အရည်အချင်းပြည့် အင်ဂျင်နီယာ၊ အသိအမှတ်ပြု အင်ဂျင်နီယာ၊ မာဂစ်စသရာ သို့တည်းမဟုတ် ဥရောပ အင်ဂျင်နီယာ ဟူ၍ ထပ်မံခွဲခြားနိုင်သည်။ အင်ဂျင်နီယာ နည်းပညာဆိုသည်မှာ အင်ဂျင်နီယာနှင့် သက်ဆိုင်သော နည်းပညာရပ်ဝန်းတစ်ခုလုံးအား ချုံငုံမိစေရန် သတ်မှတ်သုံးနှုန်းထားသည့် အခေါ်အဝေါ်တစ်ခု ဖြစ်ပြီး ၎င်း၏အောက်၌ သီးခြားထပ်မံ၍ အသေးစိတ် စိတ်ပိုင်းထားသော အင်ဂျင်နီယာ နည်းပညာနယ်ပယ်ပေါင်း မြောက်မြားစွာ ကျန်ရှိနေပါသေးသည်။