အင်ဂိုလာနိုင်ငံ
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
အင်ဂိုလာနိုင်ငံ၏ တရားဝင်အမည်မှာ အင်ဂိုလာသမ္မတနိုင်ငံ ဟု ဖြစ်သည်။ အာဖရိက တောင်-အလယ်ပိုင်းတွင် တည်ရှိသည်။ တောင်ဘက်တွင် နမီးဘီးယားနိုင်ငံ၊ မြောက်ဘက်တွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အရှေ့ဘက်တွင် ဇမ်ဘီယာနိုင်ငံ၊ အနောက်ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာ တို့နှင့် နယ်ချင်းထိစပ်နေသည်။ မြို့တော်မှာ လွမ်ဒါ (Luanda) ဖြစ်သည်။ ကဗင်ဒါလူမျိုးစုပြည်နယ်သည် အင်ဂိုလာနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံကြားတွင် တည်ရှိသည်။ အင်ဂိုလာသည် ၁၆ရာစုမှစ၍ ၁၉၇၅အထိ ပေါ်တူဂီကိုလိုနီ ဖြစ်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ၁၉၇၅မှ ၂၀၀၂ အထိ ပြည်တွင်းစစ်ဖြစ်ခဲ့သည်။ အာဖရိကတိုက်တွင် ရေနံနှင့် စိန် ဒုတိယအထွက်ဆုံး တိုင်းပြည်ဖြစ်သည်။ လူ့မျှော်မှန်းသက်တမ်းနိမ့်ပြီး မွေးစကလေးအသက်ရှင်နှုန်းနိမ့်သည်။[6] ၂၀၀၆ခုနှစ် ဩဂုတ်လတွင် ကဗင်ဒါပြည်လွတ်မြောက်ရေးတပ်ဦး (Front for the Liberation of the Enclave of Cabinda|FLEC) နှင့် ငြိမ်းချမ်းရေးစာချုပ် ချူပ်ဆိုခဲ့သည်။ ကဗင်ဒါခွဲထွက်ရေးပျောက်ကျားအဖွဲ့တစ်ဖွဲ့သည် ယနေ့ထိတိုင် မြောက်ပိုင်းတွင် လှုပ်ရှားနေဆဲဖြစ်သည်။ [7] အင်ဂိုလာနိုင်ငံ၏ ရေနံထွက်ရှိမှု စုစုပေါင်း၏ ၆၅% မှာ ယင်း ကဗင်ဒါဒေသမှ ဖြစ်သည်။
အင်ဂိုလာသမ္မတနိုင်ငံ | |
---|---|
ဆောင်ပုဒ်:
| |
မြို့တော် နှင့် အကြီးဆုံးမြို့ | လုအန်ဒါမြို့ 8°50′S 13°20′E |
ရုံးသုံး ဘာသာစကားများ | ပေါ်တူဂီ |
အမျိုးသား ဘာသာစကားများ |
|
လူမျိုးစု (2000) |
|
ကိုးကွယ်မှု |
|
လူမျိုး |
|
အစိုးရ | ပြည်ထောင်စု တပါတီ သမ္မတ ဖွဲ့စည်းပုံသမ္မတနိုင်ငံ |
• သမ္မတ | ယောဟန် လော်ရိန်ဆို |
• ဒုသမ္မတ | ဘော်နီတို ဒီ ဆိုဆာ |
ဥပဒေပြုလွှတ်တော် | အမျိုးသားလွှတ်တော် |
တည်ထောင်ခြင်း | |
၁၉၇၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် | |
၁၉၇၆ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် | |
• လက်ရှိဖွဲ့စည်းပုံ | ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၁ ရက် |
ဧရိယာ | |
• စုစုပေါင်း | ၁,၂၄၆,၇၀၀ km2 (၄၈၁,၄၀၀ sq mi) (အဆင့်: ၂၂) |
• ရေထု (%) | မပြောပလောက် |
လူဦးရေ | |
• ၂၀၂၀ ခန့်မှန်း | ၃၁,၁၂၇,၆၇၄[1] (အဆင့် - ၄၆) |
• ၂၀၁၄ သန်းခေါင်စာရင်း | ၂၅,၇၈၉,၀၂၄[2] |
• သိပ်သည်းမှု | ၂၄.၉၇/km2 (၆၄.၇/sq mi) (အဆင့် - ၁၅၇) |
GDP (PPP) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၂၁၃.၀၃၄ billion[3] (အဆင့် - ၆၄) |
• Per capita | $၆,၈၇၈[3] (အဆင့် - ၁၀၇) |
GDP (nominal) | ၂၀၁၉ ခန့်မှန်း |
• စုစုပေါင်း | $၆၄.၄၈၀ ဘီလီယံ[3] (အဆင့် - ၆၁) |
• Per capita | $၂,၀၈၀[3] (အဆင့် - ၉၁) |
Gini (၂၀၁၈) | ၅၁.၃[4] မြင့် |
HDI (၂၀၁၉) | ၀.၅၈၁[5] အလယ် · ၁၄၈ |
ငွေကြေး | ကွန်ဇာ (AOA) |
အချိန်ဇုန် | WAT (UTC+1) |
ရက်စွဲပုံစံ | dd/mm/yyyy |
ယာဉ်ကြောစနစ် | right |
တယ်လီဖုန်းကုဒ် | +244 |
Internet TLD | .ao |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.