![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/8/86/%25EC%259D%25B8%25EC%25B2%259C%25EB%258F%2584%25ED%2598%25B8%25EB%25B6%2580%25EC%25B2%25AD%25EC%2582%25AC_%25EC%2595%2584%25EB%25AC%25B8.jpg/640px-%25EC%259D%25B8%25EC%25B2%259C%25EB%258F%2584%25ED%2598%25B8%25EB%25B6%2580%25EC%25B2%25AD%25EC%2582%25AC_%25EC%2595%2584%25EB%25AC%25B8.jpg&w=640&q=50)
အင်ချွန်းမြို့
From Wikipedia, the free encyclopedia
အင်းချွန်းမြို့ကို တရားဝင်အမည်အားဖြင့် အင်ချွန်းမီသရိုပိုလစ်တန်မြို့သည် တောင်ကိုရီးယားနိုင်ငံ၏ အနောက်မြောက်အရပ်တွင် တည်ရှိပြီး အရှေ့ဘက်ရှိ ဆိုးလ်မြို့နှင့် ဂျောင်ဂီးမြို့တို့နှင့် ထိစပ်နေသည်။ နီယိုလက်သစ်ခေတ်ကတည်းကပင် အခြေချနေထိုင်ခဲ့သော ဒေသဖြစ်ပြီး ၁၈၈၃ ခုနှစ် နိုင်ငံတကာဆိပ်ကမ်းဖြစ်လာချိန်တွင် အင်ချွန်းသည် လူဦးရေ ၄,၇၀၀ တို့နေထိုင်ရာ မြို့ဖြစ်ခဲ့သည်။ ယနေ့ခေတ်တွင် မြို့၌ လူဦးရေ ၃ မီလီယံခန့်အထိ နေထိုင်လျက်ရှိပြီး ဆိုးလ်နှင့် ဘူဆန်တို့ပြီးလျှင် တောင်ကိုရီးယား၏ တတိယမြောက် လူဦးရေ အထူထပ်ဆုံးမြို့ ဖြစ်လာခဲ့သည်။ သဘာဝ၏ အားသာချက်ဖြစ်သော ကမ်းခြေမြို့ဖြစ်ခြင်းကြောင့် ဆိပ်ကမ်း၏ ဖွံဖြိုးတိုးတက်မှုနှင့်အတူ ယနေ့ခေတ်အင်ချွန်းမြို့၏ ဖွံ့ဖြိုးမှုမှာ တောင်ကိုရီးယားမြို့တော်တစ်ခုသို့ နီးစပ်စေရန် သေချာလာစေခဲ့သည်။ ဆိုးလ်မြို့နှင့် ဂျောင်ဂီနယ်တို့နှင့်အတူ ဆိုးလ်မြို့တော်ဧရိယာအတွင်းပါဝင်ပြီး လူဦးရေအရ ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အကြီးဆုံး မီသရိုပိုလစ်တန်ဧရိယာ ဖြစ်လာခဲ့သည်။
အင်ချွန်းမြို့ 인천시 | |||
---|---|---|---|
Metropolitan City | |||
အင်ချွန်း မီသရိုပိုလစ်တန် | |||
ကိုရီးယားအမည် transcription(s) | |||
• ဟန်းဂု | 인천광역시 | ||
• Hanja | 仁川廣域市 | ||
• Revised Romanization | Incheon Gwang-yeoksi | ||
• McCune-Reischauer | Inch'ŏn Kwang'yŏkshi | ||
ထိပ်မှ နာရီလက်တံအတိုင်း: အင်ချွန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ Nam District၊ Incheon Football Stadium၊ အင်ချွန်းဆိပ်ကမ်း | |||
| |||
![]() အင်ချွန်းအား အဓိကထား ဖော်ပြထားသော တောင်ကိုရီးယားနိုင်ငံ၏ မြေပုံ | |||
![]() စည်ပင်သာယာရေးနယ်မြေများ ခွဲခြားမှုပြမြေပုံ | |||
ကိုဩဒိနိတ်: 37°29′N 126°38′E | |||
နိုင်ငံ | ![]() | ||
ဒေသ | Seoul National Capital Area | ||
တည်ထောင်ခဲ့ | မီချူဟိုမြို့အဖြစ် ၁၈ ဘီစီတွင် အင်ချွန်း မီသရိုပိုလစ်တန်မြို့အဖြစ် ၁၉၉၅ အေဒီတွင် | ||
Subdivisions | စာရင်း
| ||
အစိုးရ | |||
• အမျိုးအစား | Mayor-Council | ||
• မြို့တော်ဝန် | Park Nam-chun (Democratic) | ||
• Body | အင်ချွန်း မီသရိုပိုလစ်တန်ကောင်စီ | ||
ဧရိယာ | |||
• စုစုပေါင်း | ၁၀၆၂.၆၃ စတုရန်းကီလိုမီတာ (၄၁၀.၂၈ စတုရန်းမိုင်) | ||
လူဦးရေ (ဇန်နဝါရီ ၂၀၁၈)[1] | |||
• စုစုပေါင်း | ၂,၉၅၃,၈၈၃ | ||
• သိပ်သည်းမှု | ၂၈၀၀/km၂ (၇၂၀၀/sq mi) | ||
အချိန်ဇုန် | ကိုရီးယားနိုင်ငံ စံတော်ချိန် (UTC+9) | ||
ဒေသိယစကား | Gyeonggi | ||
ပန်း | နှင်းဆီပန်း | ||
အပင် | ကျူးလစ်ပင် | ||
ငှက် | ကြိုးကြာငှက် | ||
ဝက်ဘ်ဆိုဒ် | incheon.go.kr |
ပြင်ပကမ္ဘာကြီးနှင့် ချိတ်ဆက်လိုက်သော ဆိပ်ကမ်းဖွင့်လှစ်လိုက်ခြင်း၊ မျက်မှောက်ခေတ် ကိုရီးယား၏ စက်မှုလုပ်ငန်းများ၏ ဗဟိုအဖြစ် ကဏ္ဍသစ်တရပ်ဖွင့်လှစ်နိုင်ခြင်းတို့ပြုလုပ်စဉ်ကပင် အင်းချွန်းသည် ကိုရီးယားနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ဦးဆောင်၍ လာနိုင်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် အင်ချွန်းမြို့အား ကိုရီးယားနိုင်ငံ၏ ပထမဆုံးသော လွတ်လပ်သော စီးပွားရေးဇုန်အဖြစ် သတ်မှတ်ခဲ့သည်။ ထိုကာလမှစ၍ ပြည်တွင်းနှင့် ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီများ၏ လာရောက်ရင်းနှီးမြုပ်နှံမှုသည် အချိန်နှင့်အမျှတိုးတက်၍ လာခဲ့သည်။ ထိုသို့ရင်းနှီးမြုပ်နှံသော ကုမ္ပဏီများတွင် ဆမ်ဆောင်းကုမ္ပဏီလည်းပါဝင်ပြီး ဆောင်ဒိုအပြည်ပြည်ဆိုင်ရာမြို့တွင် ၎င်း၏ ရင်းနှီးမြုပ်နှံမှုအသစ်ဖြစ်သော ဇီဝလုပ်ငန်းအား ရင်းနှီးမြုပ်နှံခဲ့သည်။
အပြည်ပြည်ဆိုင်ရာမြို့တစ်ခုအဖြစ် အင်ချွန်းသည် ၂၀၀၉ ခုနှစ်တွင် ကျင်းပခဲ့သော Incheon Global Fair & Festival ကဲ့သို့ နိုင်ငံတကာကွန်ဖရင့်နှင့် ဆွေးနွေးပွဲများစွာကို ကျင်းပခဲ့သည်။ ထို့ပြင် ၁၇ ကြိမ်မြောက် ၂၀၁၄ အာရှအားကစားပွဲတော်အား အင်းချွန်းမြို့၌ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် လက်ခံကျင်းပခဲ့သည်။ အင်ချွန်း နိုင်ငံတကာလေဆိပ်နှင့် အင်းချွန်းဆိပ်ကမ်းတို့ကြောင့် အင်းချွန်းမြို့သည် အရှေ့မြောက်အာရှ၏ အဓိက သယ်ယူပို့ဆောင်ရေး ဗဟိုသဖွယ် ဖြစ်လာခဲ့သည်။ မြို့တော်သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးများအတွက် ဆောင်ရွက်သော နိုင်ငံတကာ အဖွဲ့အစည်းဖြစ်သော Green Climate Fund ၏ ရုံးစိုက်ရာမြို့လည်း ဖြစ်သည်။