အက်ဖ်-၃၅ လိုက်တနင်း ၂
ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်ခိုက်ရေး လေယာဉ် / From Wikipedia, the free encyclopedia
လော့ခ်ဟိမာတင် အက်ဖ်-၃၅ လိုက်တနင်း ၂ သည် တစ်ယောက်စီး အင်ဂျင်တစ်လုံးတပ် ပဉ္စမမျိုးဆက် ဘက်စုံသုံး တိုက်လေယာဉ်ဖြစ်ပြီး ယခုလက်ရှိတွင် စမ်းသပ်ဆဲဖြစ်သည်။ မြေပြင်တိုက်ခိုက်ရေး၊ ထောက်လှမ်းရေးနှင့် လေကြောင်းရန် ကာကွယ်ရေး အတွက် ရည်ရွယ်တည်ဆောက်ခြင်း ဖြစ်ပြီး ရေဒါမြင်ကွင်းမှ ဖမ်းမိရန် ခက်ခဲသော ရေဒါလှိုင်း ပုံရိပ်လျော့ နည်းပညာကို အသုံးပြုထားသည်။ အက်ဖ် ၃၅ တွင် မော်ဒယ်လ် ၃ မျိုးရှိပြီး ပထမတစ်မျိုးမှာ ပုံမှန် အတက်အဆင်း ပြုလုပ်နိုင်သည့် အမျိုးအစား၊ ဒုတိယ တစ်မျိုးမှာ ပြေးလမ်း အတိုတွင် တက်နိုင်ပြီး ဒေါင်လိုက် ဆင်းသက်နိုင်သော အမျိုးအစား နှင့် တတိယတစ်မျိုးမှာ လေယာဉ်တင်သင်္ဘောတွင် အတက်အဆင်း ပြုလုပ်နိုင်သော အမျိုးအစား ဖြစ်သည်။
အချက်တိုများ F-35 Lightning II, အမျိုးအစား ...
F-35 Lightning II | |
---|---|
အမျိုးအစား | ဘက်စုံသုံး ရေဒါမြင်ကွင်း ပုံရိပ်လျော့ တိုက်လေယာဉ် |
မူလပထမနိုင်ငံ | အမေရိကန်ပြည်ထောင်စု |
ထုတ်လုပ်သူ | လော့ခ်ဟိမာတင် အေရိုနော့တစ် |
ပထမဦးဆုံးခရီးစဉ် | ဒီဇင်ဘာ ၁၅ရက် ၂၀၀၆ ခုနှစ် |
အဓိကအသုံးပြုသူ | အမေရိကန် လေတပ် |
တည်ဆောက်ပြီးခဲ့သည့် အရေအတွက် | ၁၃ (အစမ်း) |
တစ်စီးချင်း၏တန်ဖိုး | F-35A: ယူအက်စ် ဒေါ်လာ ၁၂၂ သန်း (ထုတ်လုပ်စရိတ် ၂၀၁၁)[1] F-35B: ယူအက်စ်ဒေါ်လာ ၁၅၀ သန်း (ပျမ်းမျှစရိတ် ၂၀၁၁)[2] F-35C: US$139.5M (avg. cost, 2011)[2][3] |
ပိတ်ရန်