အက်ဆွန်မိုဘေး
အမေရိကန် နိုင်ငံပေါင်းစုံ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်း / From Wikipedia, the free encyclopedia
အက်ဆွန်မိုဘေး ကော်ပိုရေးရှင်း သည် အမေရိကန်ပြည်ထောင်စုရှိ နိုင်ငံတကာအခြေစိုက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်းတစ်ခု ဖြစ်ပြီး တက္ကဆပ်ပြည်နယ် အိုင်ဗင်မြို့တွင် ရုံးချုပ်တည်ရှိသည်။ ထိုကုမ္ပဏီသည် ဂျွန်ဒေးဗီဆန် ရော့ကဖဲလား၏ စတန်းဒတ် ရေနံကုမ္ပဏီမှ ဆင်းသက်လာသော ကုမ္ပဏီများတွင် အကြီးဆုံး ဖြစ်ပြီး [2] ၁၉၉၉ ခု နိုဝင်ဘာလ ၃၀ ရက်တွင် ယခင် နယူးဂျာဆီ စတန်းဒတ် ရေနံကုမ္ပဏီ ဖြစ်သော အက်ဆွန် ကုမ္ပဏီ နှင့် ယခင် နယူးယောက်စတန်းဒတ် ရေနံကုမ္ပဏီဖြစ်သော မိုဘေးကုမ္ပဏီ တို့ ပေါင်းစပ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
အမျိုးအစား | အများပိုင် |
---|---|
လုပ်ငန်း | စွမ်းအင် ။ ရေနံနှင့်ဓာတ်ငွေ့ |
လွှဲအပ်သူ |
|
ဝန်ဆောင်မှု ဧရိယာ | တကမ္ဘာလုံး |
အရေးပါ ပုဂ္ဂိုလ်များ | Darren Woods (Chairman & CEO) |
ထုတ်ကုန်ပစ္စည်း |
|
ဝင်ငွေ | US$၂၃၇.၁ ဘီလီယံ[1] |
အခွန်မဆောင်မီ ဝင်ငွေ | US$၁၂.၀၇ ဘီလီယံ[1] |
အသားတင် ဝင်ငွေ | US$၁၉.၇၁ဘီလီယံ[1] |
ရင်းနှီးမြှုပ်နှံမှု | US$၃၄၈.၇ဘီလီယံ[1] |
စုစုပေါင်း ရှယ်ယာတန်ဖိုး | US$၁၈၇.၇ဘီလီယံ[1] |
အလုပ်သမားဦးရေ | 69,600[1] |
ကုမ္ပဏီခွဲ |
|
၁၉၉၆ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိ ကမ္ဘာပေါ်တွင် ဝင်ငွေအားဖြင့် ဒသမမြောက် အကြီးဆုံး ကုမ္ပဏီ ဖြစ်ခဲ့ပြီး ဈေးကွက်အတွင်း အများနှင့်ဆိုင်ရာတွင် အရောင်းအဝယ်ပြုလုပ်ရာ၌ အရင်းအနှီးအများဆုံး နေရာတွင် နံပါတ် ၁ မှ ၆ အတွင်း ပြောင်းလဲနေခဲ့သည်။ [3][4] ၂၀၁၆ ခုနှစ် ဖော်ဘီ၏ ဂလိုဘယ် ၂၀၀၀ စာရင်းတွင် တကမ္ဘာလုံး နံပါတ် ၉ နေရာတွင် ရှိခဲ့သည်။ [5] အက်ဆွန်မိုဘေးသည် ၂၀၁၄ ခုနှစ်တွင် ဖော်ကျွန်း မဂ္ဂဇင်း၏ နိုင်ငံတကာ အကြီးဆုံး ကုမ္ပဏီ ၅၀၀ စာရင်းတွင် ဒုတိယမြောက် အမြတ်အစွန်း အများဆုံး ကုမ္ပဏီ အဖြစ် စာရင်းဝင်ခဲ့သည်။[6]