ဟံသာဝတီယူနိုက်တက် ဘောလုံးအသင်း
ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု မြန်မာဘောလုံးကလပ်အသင်း / From Wikipedia, the free encyclopedia
ဟံသာဝတီယူနိုက်တက် ဘောလုံးအသင်းသည် တောင်ငူမြို့တွင် အခြေပြုတည်ထားသော ဘောလုံးအသင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးကို ကိုယ်စားပြုသည့် အသင်းဖြစ်သည်။ ၂၀၀၉ မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲများ စတင်ကျင်းပစဉ်ကတည်းကပင် ပါဝင်ခဲ့သော အသင်းဖြစ်ပြီး ထိုနှစ်ပြိုင်ပွဲတွင် အဆင့် ၆ နေရာတွင် ရပ်တည်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ယခင်အမည် ဥဿယူနိုက်တက်မှ ဟံသာဝတီယူနိုက်တက်သို့ ပြောင်းလဲခဲ့သည်။ ဥဿာယူနိုက်တက် အမည်နှင့်ရှိစဉ်က ၂၀၁၀ မြန်မာ့ဘောလုံးအဖွဲ့ချုပ်ဖလားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် အသင်းအတွက် အရေးကြီးသော ဖလားတစ်လုံး ရယူနိုင်ခဲ့သည်။
အချက်တိုများ အသင်းအမည်, အခြားအမည် ...
အသင်းအမည် | ဟံသာဝတီယူနိုက်တက် ဘောလုံးအသင်း |
---|---|
အခြားအမည် | The Shelducks |
တည်ထောင်နှစ် | ၂၀၀၉; ၁၅ နှစ် အကြာက (၂၀၀၉) |
အိမ်ကွင်း | Grand Royal Stadium (လူဝင်ဆံ့မှု: ၄,၀၀၀) |
ပိုင်ရှင် | ဦးအောင်မိုးကျော်[1] |
မန်နေဂျာ | ဦးထွန်းထွန်းလင်း |
နည်းပြ | ဦးမျိုးမင်းထွန်း |
ကစားသည့်လိဂ် | မြန်မာ နေရှင်နယ် လိဂ် |
၂၀၁၅ | သတ္တမ |
လက်ရှိ ရာသီ |
ပိတ်ရန်