ဟဲလဗတ်ငါး
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
ကမ္ဘာတွင် ငါးအများအပြားရှိရာ ထိုငါးများအနက် ဟဲလဗတ်ငါးသည်အကြီးဆုံးနှင့် အရေးအကြီးဆုံးငါးဖြစ်လေသည်။ ထိုငါးမျိုးကို အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မြောက်ဘက် နယူယော့နှင့် ပြင်သစ်နိုင်ငံမြောက်ပိုင်းရှိ ပင်လယ်များတွင် တွေ့နိုင်သည်။ ထိုငါး၏ မျက်စိများသည် ဦးခေါင်း၏ လက်ယာဘက်တွင်ရှိသည်။ ထိုလက်ယာဘက် အရောင်မှာ အညိုရင့်ရောင်ဖြစ်၍ လက်ဝဲဘက်၏အရောင်မှာ အဖြူရောင်ဖြစ်သည်။ ဖမ်းမိသမျှဟဲလဗတ်ငါးများအနက် ငါးမတို့ ၏အလေးချိန်သည်ပေါင် ၃ဝဝမှ ၄ဝဝအထိရှိကြ၍ ငါးထီးတို့၏အလေးချိန်မှာမူ ပေါင်ငါးဆယ်ကျော်လွန်ခဲလေသည်။ ဟဲလဗတ်ငါးများကို ဖမ်းရာတွင် ခိုင်ခံ့သည့်ငါးမျှားချိတ်ကြီးများကို အသုံးပြုကြသည်။ ထိုငါး မျှားချိတ်ကြီးများကို ကြိုးရှည်ရှည်ကြီးများတွင် တစ်ခုနှင့်တစ်ခု ပေအနည်းငယ်ခန့်စီ ခွာချည်ပြီးလျှင် ငါးစာများကိုတပ်၍ ပင်လယ်အောက်ခြေသို့ချပေးကြသည်။ ဟဲလဗတ်ငါး၏အနံ့အရသာမှာ နှစ်သက်ဖွယ် ကောင်းလေသည်။ ထိုငါး၏အသည်းဆီသည် ကော့ဒငါး၏အသည်းဆီထက်ပင်ပို၍ ဗီတာမင်အေ ကြွယ်ဝသေးသည်။ ထိုငါး၏အသည်းကို ဗီတာမင်ရရှိရေးအတွက် စီမံသောအခါ ဗီတာမင်ဒီကိုအနည်းငယ်ထည့်ပေးလေ့ရှိကြသည်။ ဟဲလဗတ်ငါးသည် များသောအားဖြင့် လေးပေမှငါးပေအထိ ကြီးလေ့ရှိသော်လည်း ခုနစ်ပေကျော်အထိကြီးသော ဟဲလဗတ်ငါးများလည်းရှိသေးသည်ဟု သိရလေသည်။ ထိုကဲ့သို့သောငါးမျိုး ကိုပေပေါင်း ၆ဝဝ အထိနက်ပြီးလျှင် ပင်လယ်ကမ်းခြေနှင့်အနည်းငယ်ဝေးကွာရာ ဒေသများတွင် တွေ့ရလေ့ရှိသည်ဟုဆိုလေသည်။ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းနေဟဲလဗတ်ငါးကို ပါဏဗေဒအလိုအရ ဟစ်ပိုဂလောဆပ်ဟစ်ပိုဂလောဆပ်ဟုခေါ်၍ ပစိဖိတ်သမုဒ္ဒရာအတွင်းနေ ဟဲလဗတ်ငါးကိုမူ ဟစ်ပိုဂလောဆပ် စတီနိုလက်ပစ်ဟုခေါ်သည်။[1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.