ဟေဂျားဘ်
From Wikipedia, the free encyclopedia
အစ္စလာမစ်ဟေဂျားဘ် (အင်္ဂလိပ်: Hijab; /hɪˈdʒɑːb, hɪˈdʒæb, ˈhɪdʒ.æb, hɛˈdʒɑːb/;[1][2][3][4] အာရပ်: حجاب ḥijāb, အသံထွက် [ħɪˈdʒaːb] သို့ တမ်းပလိတ်:IPA-arz) ဆိုသည်မှာ မွစ်လင်(မ)အမျိုးသမီးတို့ နည်းအမျိုးမျိုးဖြင့် မိမိတို့၏ဦးခေါင်းနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို လုံခြုံစွာဖုံးအုပ်ခြင်းကို ခေါ်သည်။ ထိုအကြောင်းအရာသည် ကျမ်းတော်မြတ်ကုရ်အာန်နှင့် အစ္စလာမ့်ဓမ္မသတ်အရ အထူးသဖြင့် မွစ်လင်(မ)အမျိုးသမီးများ မိမိတို့ဆံပင်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများကို သူစိမ်းအမျိုးသားတို့၏ ရှေ့မှောက်တွင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သောအနေဖြင့် ဖုံးအုပ်ထားရန် တာဝန်ရှိပေသည်။ ဟေဂျားဘ်သည် တရားတော်၏ အဆုံးအမနှင့် ညွှန်ကြားချက်ဖြစ်သလို လူ့ပတ်ဝန်းကျင်၌ မလိုလားအပ်သော ပြဿနာများ မဖြစ်ရလေစေရန် လူ့အသိုင်းအဝိုင်းကြီးမှ သတ်မှတ်ထားသော အချက်တစ်ချက်လည်းဖြစ်ပေသည်။ ဓမ္မသတ်မှူးများ၏ အမြင်တွင် ဟေဂျားဘ် သည် အစ္စလာမ့်ဥပဒေသများအတွင်းမှ တစ်ခုဖြစ်ပြီး အစေခံမဟုတ်သောမွစ်လင်(မ)အမျိုးသမီးတိုင်း မိမိတို့၏မျက်နှာနှင့် လက်ဖဝါးမှလက်ချောင်းထိပ်လေးများအထိမှလွဲ၍ ကျန်နေရာအားလုံးကို သူစိမ်းယောက်ျားသားတို့၏ရှေ့မှောက်တွင် ဖုံးအုပ်ထားခြင်းအား ဟေဂျားဘ်ဟုခေါ်ပေသည်။ ၎င်းအပြင် အမျိုးသားတို့နှင့်ပတ်သက်၍လည်း မိမိတို့၏ အရှက်အင်္ဂါနှစ်ခုဖြစ်သော ရှေ့နှင့်နောက်ကို ဖုံးအုပ်ရန် ပြငှားန်ထားလေသည်။ တူနီးရှားနိုင်ငံတွင် ၁၉၈၁ ခုနှစ်၌ ဟေဂျားဘ်ပြုလုပ်ခြင်းကို တားမြစ်ပိတ်ပင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ထိုဥပဒေကို ပြန်လည်ပယ်ဖျက်ခဲ့သည်။ တူရကီတွင် ၁၉၉၈ ခုနှစ်မှစ၍ တားဆီးပိတ်ပင်ခဲ့သည်။ ထိုနှစ်နိုင်ငံသည် မွစ်လင်(မ)အများစု နေထိုင်ရာနိုင်ငံများဖြစ်ပြီး ယင်းနှစ်နိုင်ငံတွင်သာ အစိုးရဌာနများ၊ ကျောင်းများနှင့် အစိုးရတက္ကသိုလ်များတွင် ဟေဂျားဘ်ပြုလုပ်ခြင်းကို ပိတ်ပင်ခဲ့ကြလေသည်။ ဆီးရီးယားနိုင်ငံတွင် ၂၀၁၀ ခုနှစ်၌တက္ကသိုလ်များတွင် နေကားဘ်ဝတ်ခြင်း (မျက်နှာကိုပါဖုံးအုပ်ခြင်း) ကို ပိတ်ပင်ခဲ့သည်။ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဆီးရီးယားပြည်တွင်းစစ်ဖြစ်ပွားနေစဉ်ကာလအတွင်း လူတို့ဆန့်ကျင်မှုကြောင့် ပြန်လည်ပယ်ဖျက်ခဲ့သည်။ ထိုအတိုင်းပင် မိုရိုကိုနိုင်ငံတွင်လည်း ဟေဂျားဘ်နှင့်ပတ်သက်၍ တင်းကျပ်မှုများပြုလုပ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အမြင်၌ ဟေဂျားဘ်သည် နိုင်ငံရေးအသွင်ဆောင်ပြီး နိုင်ငံရေးနှင့်ဘာသာရေးကို ခွဲခြားသည့်မူဝါဒအတွက် ဆန့်ကျင်သည့် မူဝါဒ တစ်ခုဖြစ်ခဲ့သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။