ဟူကောင်း ကျား ထိန်းသိမ်းရေး နယ်မြေ
From Wikipedia, the free encyclopedia
ဟူကောင်း ကျား ထိန်းသိမ်းရေး နယ်မြေသည် တောရိုင်း တိရစ္ဆာန်များကို ထိန်းသိမ်းထားသော နယ်မြေဖြစ်ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် တနိုင်း အနီးရှိ ဟူးကောင်းတောင်ကြားတွင် တည်ရှိသည်။ ဟူးကောင်း ကျား ထိန်းသိမ်းရေး နယ်မြေသည် ၂၁,၈၉၀ စတုရန်း ကီလိုမီတာ (စတုရန်းမိုင်ပေါင်း ၈၄၅၂ ခန့်) ကျယ်ဝန်းသည်။ မြန်မာအစိုးရက တောင်ကြား အတွင်းရှိ အကျယ် စတုရန်း ကီလိုမီတာ ၆၅၀၀ ကိုလည်း သစ်တော ထိန်းသိမ်းသည့် နယ်မြေ အဖြစ်သတ်မှတ်ထားသည်။ ၎င်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေ ဖြစ်သည်။