![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/3/3f/Depictions_of_episodes_from_Hindu_mythology.jpg/640px-Depictions_of_episodes_from_Hindu_mythology.jpg&w=640&q=50)
ဟိန္ဒူဒဏ္ဍာရီ
အိန္ဒိယနိုင်ငံရှိ ဒဏ္ဍာရီ / From Wikipedia, the free encyclopedia
ဟိန္ဒူဒဏ္ဍာရီ သည် ဝေဒစာပေကဲ့သို့သော ဟိန္ဒူကျမ်းစာများ[1] မဟာဘာရတ နှင့် ရာမယဏ ကဲ့သို့သော လင်္ကာရှည်များ[2]၊ ပုရာဏ[3]၊ ပါရိယ ပူရနမ် ကဲ့သို့သော ဒေသသုံးစာပေများ၌တွေ့ရှိရသော ဇာတ်လမ်းများဖြစ်သည်။ ဟိန္ဒူဒဏ္ဍာရီကို Panchatantra၊ Hitopadesha နှင့် အရှေ့တောင်အာရှ (ဘာသာရေး)ကျမ်းစာများကဲ့သို့သော ဘာသာပြန် လူကြိုက်များသော စာသားများ၌လည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိရသည်။[4][5]
ဘာသာတရား | |
သမိုင်း | |
ဆရာ (အစရိယ) | |
အယူဝါဒ | |
ဂိုဏ်းများ | |
နိုင်ငံနှင့်ဒေသများ | |
![](http://upload.wikimedia.org/wikipedia/commons/thumb/3/3f/Depictions_of_episodes_from_Hindu_mythology.jpg/640px-Depictions_of_episodes_from_Hindu_mythology.jpg)
ဟိန္ဒူဒဏ္ဍာရီတွင် တစ်သမတ် တစ်မူတည်းသောတည်ဆောက်မှုပုံစံမရှိပါ။ ဒဏ္ဍာရီတစ်ခုသည် အမျိုးမျိုးသော မူများ၌ စံပြသဘောပါဝင်တတ်၍ လူမှု-ဘာသာရေး ရိုးရာပုံစံအနှံ့အပြား၌ မတူညီဘဲကွဲလွဲစွာ သရုပ်ဖော်ကြသည်။ ဤဒဏ္ဍာရီများကို များစွာသော ဒဿနပညာရပ်ဆိုင်ရာ အဖွဲ့အသင်း ပုဂ္ဂိုလ်များက တဖြည်းဖြည်းခြင်း ပြုပြင်ပြောင်းလဲလာခဲ့ကြသည်ဟု မှတ်သားသိရှိခဲ့ရသည်။ အထူးသဖြင့် ဟိန္ဒူရိုးရာအစဉ်လာပိုင်းတွင် ဖြစ်သည်။ ဤဒဏ္ဍာရီ၌ နက်နက်သောအဓိပ္ပာယ်ရှိသည်ဟု (သင်္ကေတအမှတ်သညာအဖြစ်လည်း) ယူဆကြကာ ရှုပ်ထွေး၍အမျိုးအစားများပြားသော ဘာသာပြန်ဆိုချက်များရှိကြသည်။[6]