![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/4/44/Burmese_Nationalist_Flag.svg/langmy-640px-Burmese_Nationalist_Flag.svg.png&w=640&q=50)
သုံးရောင်ခြယ် သီချင်း
From Wikipedia, the free encyclopedia
သုံးရောင်ခြယ်သီချင်းသည် တို့ဗမာအစည်းအရုံးမှ ရေးဆွဲအသုံးပြုခဲ့သော အလံ၏အကြောင်းကို ဖော်ကျူးထားသော သီချင်းတစ်ပုဒ်ဖြစ်သည်။ သုံးရောင်ခြယ်ဟူသည် ထိုအလံ၏ အဝါ၊ အစိမ်းနှင့် အနီရောင်တို့ပင်ဖြစ်သည်။ တို့ဗမာအစည်းအရုံးမှ ပထမဆုံးရေးဆွဲခဲ့သော အလံတွင် အဝါ၊ အစိမ်းနှင့် အနီရောင် ရေပြင်ညီမျဉ်းသုံးကြောင်းပါရှိသည်။[1] နောက်ပိုင်းတွင် အလယ်၌ဒေါင်းရုပ်ကို ထည့်သွင်းခဲ့သည်။ ၁၉၃၈ တွင်မူ တူနှင့်တံစဉ်းကို ဒေါင်းရုပ်နေရာတွင် အစားထိုး၍ အသုံးပြုခဲ့ကြသည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/4/44/Burmese_Nationalist_Flag.svg/640px-Burmese_Nationalist_Flag.svg.png)
သို့ဖြစ်ရာ ထိုသုံးရောင်ခြယ်သီချင်းတွင် စာသားမူများကွဲပြားခဲ့သည်။ မူလရေးသားထားသော စာသားကို "ပထမသုံးရောင်ခြယ်" ဟူ၍လည်းကောင်း တူတံစဉ်းပါသည့်အလံစာသားကို "ဒုတိယသုံးရောင်ခြယ်" ဟူ၍ လည်းကောင်း ခေါ်ဆိုကြသည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/8/8c/Flag_of_Myanmar.svg/640px-Flag_of_Myanmar.svg.png)