![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/e/e0/Home_of_Asian_Lions.jpg/640px-Home_of_Asian_Lions.jpg&w=640&q=50)
သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်း
From Wikipedia, the free encyclopedia
သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်းသည် ဘက်စုံအားကစားကွင်းဖြစ်ပြီး ရန်ကုန်မြို့တွင် တည်ရှိသည်။ လူ ၃၂,၀၀၀ ဝင်ဆံပြီး အောင်ဆန်း အားကစားကွင်းထက် ဝင်ဆံ့မှုနည်းသည်။ သို့သော် သုဝဏ္ဏ အားကစားကွင်းသည် ပို၍ ခေတ်မီသည်။ နိုင်ငံလက်ရွေးစင် ဘောလုံးပွဲများနှင့် နိုင်ငံတကာ ဘောလုံးပွဲ အများစုကို ထိုကွင်းတွင်ပင် ကျင်းပလေ့ရှိသည်။ ဘောလုံးတင်သာမက အခြား အားကစားများလည်း ကျင်းပသည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/e/ea/ThuwunnaYTC.jpg/640px-ThuwunnaYTC.jpg)
အချက်တိုများ တည်နေရာ, ကိုဩဒိနိတ် ...
သုဝဏ္ဏ အားကစားကွင်း, Thuwunna YTC Stadium | |
![]() သုဝဏ္ဏအားကစားကွင်း | |
တည်နေရာ | သင်္ဃန်းကျွန်း ၊ရန်ကုန်မြို့, ![]() |
---|---|
ကိုဩဒိနိတ် | 16°49′16.73″N 96°11′12.58″E |
ပိုင်ဆိုင်သူ | ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန |
ဝင်ဆံ့ပမာဏ | ၃၂,၀၀၀[1] |
မျက်နှာပြင် | မြက် |
ဖွင့်လှစ် | ၁၉၈၅ |
ပိတ်ရန်
သုဝဏ္ဏကွင်းတွင် ပြေးလမ်း ၈ ခုပါရှိပြီး မြန်မာပြည်တွင် နိုင်ငံတကာစံ(IAAF)နှင့် အညီ တည်ဆောက်ထားသော ပထမဆုံးကွင်းလည်း ဖြစ်သည်။[2]