![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/0/0e/Rescue_equipment_in_Tham_Luang_entrance_chamber.jpg/640px-Rescue_equipment_in_Tham_Luang_entrance_chamber.jpg&w=640&q=50)
သမ်လွမ်း လိုဏ်ဂူအတွင်းပိတ်မိမှု ကယ်ဆယ်ခြင်း
From Wikipedia, the free encyclopedia
၂၀၁၈ခုနှစ် ဇွန်လ၂၃ရက်နေ့တွင် အသက်၁၁နှစ်မှ၁၆နှစ်အထိရှိသော ဒေသဘောလုံးအသင်းမှ ကလေး၁၂ယောက်နှင့် နည်းပြတစ်ယောက်တို့မှာ ထိုင်းနိုင်ငံ၊ချင်းရိုင်ခရိုင်ရှိ သမ်လူအမ်လိုဏ်ဂူတွင် ပိတ်မိမှုဖြစ်ပွားခဲ့သည်။ သူတို့ဂူအတွင်းဝင်သွားပြီးအပြင်တွင် မိုးသည်းထန်စွာရွာပြီး ဂူအတွင်းရေများဝင်ရောက်ကာ ပိတ်မိနေခြင်းဖြစ်သည်။ သူတို့ပျောက်ဆုံးပြီးနာရီအနည်းငယ်အကြာတွင် ပျောက်ဆုံးကြောင်းတိုင်ကြားခံရပြီး ရှာဖွေရေးလုပ်ငန်းများလုပ်ဆောင်ခဲ့သည်။ ဂူထဲတွင်သူတို့ရှိကြောင်း အတည်ပြုအပြီးဂူအတွင်းသို့ဝင်ရောက်ရန် ကြိုးစားကြသော်လည်း မိုးရွာသွန်းမှုကြောင့်အခက်အခဲများရှိခဲ့သည်။ နိုင်ငံတော်အစိုးရကိုယ်တိုင် ရှာဖွေခဲ့ပြီး ကမ္ဘာ့နိုင်ငံများ၏စိတ်ဝင်စားမှုခံခဲ့ရသည်။
![]() Screen capture of an NBT news report on the rescue, showing personnel and equipment at the entrance of the cave. | |
နေ့ရက် | ၂၃ ဇွန် ၂၀၁၈ (၂၀၁၈-၀၆-၂၃) – present |
---|---|
တည်နေရာ | ချင်းရိုင်ခရိုင်၊ ထိုင်းနိုင်ငံ။ |
အကြောင်းရင်း | မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဂူထဲ၌ ရေလွှမ်း |
ရလဒ် | ၉ရက်အကြာတွင် အားလုံးအသက်ရှင်နေကြောင်းတွေ့ရှိခဲ့[1] Rescue operation currently underway. |
နိုင်ငံတကာမှအကူအညီများနှင့်ရှာဖွေခဲ့ပြီး ပျောက်ဆုံးပြီး၉ရက်အကြာတွင် ရေငုပ်သမားကယ်ဆယ်သူများက ဂူ၏ အတွင်းပိုင်းတော်တော်ကျသောနေရာတွင် တွေ့ရှိခဲ့သည်။ရေမျာ္ပြည့်နေသောနေရာရှိ ကျောက်တုံးအမြင့်ပေါ်တွင် အားလုံးကိုအသက်ရှင်လျက်တွေ့ခဲ့သည်။ ဂူအတွင်းမှထွက်ရန်မှာမူ ရေငုပ်သင်ခြင်း (သို့မဟုတ်) ရေကျသွားရန်စောင့်ခြင်းတို့လိုအပ်သည်။
ကယ်ဆယ်ခြင်းတွင် လူပေါင်း၁၀၀၀ကျော်ပါဝင်ခဲ့ပြီး ထိုင်းရေတပ်မှ နိုင်ငံတော်အဆင့်ကယ်တင်ခဲ့သည်။ မြန်မာအပါအဝင် ဗြိတိန်၊တရုတ်၊လာအို၊ဩစတြေးလျနှင့် အမေရိကန်တို့ပါ ကူညီခဲ့သည်။