ဦးသန်းဆွေ( ၁၉ ဇွန် ၁၉၅၃ဖွား)[1] သည် နိုင်ငံတော် ဒုတိယဝန်ကြီးချုပ် [2] နှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၂ဦးမြောက် နိုင်ငံခြားရေးဝန်ကြီးဖြစ်သည်။ ယင်းမတိုင်ခင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၎င်းအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ[3] အဖြစ်လည်းကောင်း၊အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ[4] အဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးခဲ့၍ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သည်။

အချက်တိုများ H.E ဦးသန်းဆွေ, မြန်မာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ် ...
H.E

ဦးသန်းဆွေ
Thumb
မြန်မာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃ ဩဂုတ် ၂၀၂၃
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
၂၂ဦးမြောက် နိုင်ငံခြားရေး ဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁ ဖေဖော်ဝါရီ ၂၀၂၃
သမ္မတဦးမြင့်ဆွေ (ယာယီ)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမင်းအောင်လှိုင်
ယခင်လူဝဏ္ဏမောင်လွင်
ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၁  ၁၉ ဩဂုတ် ၂၀၂၂
ယခင်လူဒေါက်တာဝင်းသိမ်း
ဆက်ခံသူဒေါက်တာမောင်မောင်နိုင်
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁၉ ဩဂုတ် ၂၀၂၂  ၁ ဖေဖော်ဝါရီ ၂၀၂၃
ယခင်လူဦးတင်ဦး
ဆက်ခံသူဒေါက်တာဌေးအောင်
အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၃၀ ဇူလိုင် ၂၀၁၂  ၂၆ စက်တင်ဘာ ၂၀၁၃
ယခင်လူလင်းမြိုင်
ဆက်ခံသူကျော်မျိုးထွဋ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၅၃-0၆-၁၉) ဇွန် ၁၉၊ ၁၉၅၃ (အသက် ၇၁)
လူမျိုးမြန်မာ
ကြင်ဖော်(များ)ဒေါ်ခင်ဝင်းရီ
သားသမီးသမီး ၂ဦး
မိခင်ကျောင်းစစ်တက္ကသိုလ်
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
အမှုထမ်းကာလ၁၉၇၅ -၂၀၀၀
ရာထူးဒုတိယဗိုလ်မှူးကြီး
ပိတ်ရန်

ပညာရေး

ဦးသန်းဆွေသည် စစ်တက္ကသိုလ် အမှတ်စဉ်(၁၆)ကို တက်ရောက်ခဲ့သူဖြစ်သည်။ ၁၉၇၁ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်လောင်းအဖြစ် စစ်တက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီး ၁၉၇၅ ခုနှစ် ဒီဇင်ဘာလတွင် ကျောင်းပြီးဆုံးသည်။

အလုပ်အကိုင်

၎င်း၏ အစောပိုင်းအသက်မွေးဝမ်းကြောင်းကို မြန်မာ့တပ်မတော်တွင် ဖြတ်သန်းခဲ့သည်။ ၁၉၇၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၀၀ ခုနှစ် မေလအထိ တပ်မတော်တွင် ဗိုလ်မှူးကြီးရာထူးဖြင့် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့သည်။ မိခင်တပ်ရင်းမှာ ကချင်ပြည်နယ် ဟိုပင်အခြေစိုက် ခလရ-၄၀ဖြစ်သည်။ ၂၀၀၀ပြည့်နှစ် မေလတွင် တပ်မတော်မှ အငြိမ်းစားယူပြီး ထိုအချိန်မှစ၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် ၂၀၀၈ မတ်လ အထိ တာဝန်ထမ်းဆောင်သည်။ ယင်းနောက် ၎င်းသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံဆိုင်ရာ ဒုတိယသံအမတ်ရာထူးဖြင့်၂၀၀၈ ခုနှစ် မတ်လမှ ၂၀၀၉ ခုနှစ် မတ်လအထိ ကုလသမဂ္ဂ၏ လက်ထောက်အမြဲတမ်းကိုယ်စားလှယ်အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင်ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသည်။[5]သမ္မတဦးသိန်းစိန် လက်ထက်တွင် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သံတမန်လောကမှ အငြိမ်းစားယူခဲ့သည်။[6] [7]

နိုင်ငံရေး

၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီက ၎င်းအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်သည်။ ၂၀၂၂ ဩဂုတ် ၁၉ တွင် ထိုရာထူးမှနေ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ကာ ၂၀၂၃ ဖေဖော်ဝါရီ ၁ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်လာသည်။ [8]

မိသားစုဘဝ

သမီး ၂ဦးရှိကာ သမက်ဖြစ်သူမှာ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန်ထမ်းဆောင်နေသူ ဦးအောင်ကို ဖြစ်သည်။

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.