သည် အင်တာနေရှင်နယ် (ဒိုတာ၂)
From Wikipedia, the free encyclopedia
The International (အတိုကောက် TI) ဟုခေါ်သော အမည်သည် Valve ကော်ပိုရေးရှင်းမှ ဦးစီးကျင်းပသော အီလက်ထရောနစ် အားကစားတစ်ခုဖြစ်သည့် ဒိုတာ ၂၏ ချန်ပီယံရှစ် ပြိုင်ပွဲတစ်ခုကို ကိုယ်စားပြုခြင်းဖြစ်သည်။ ပြိုင်ပွဲဖြစ်မြောက်ရန်အတွက် ဒိုတာ ၂ ကြေးစားအဆင့်မြင့် ကစားသမားများပါဝင်သော အသင်း ၁၆ သင်းကို ဖိတ်ခေါ်၍ ကျင်းပခြင်းဖြစ်သည်။ ပထမဆုံးအကြိမ် ပြိုင်ပွဲအခမ်းအနားကို ဂျာမနီနိုင်ငံ ကိုလိုဂျင်မြို့တွင် ကျင်းပသော Gamescom (ကမ္ဘာ့ဂိမ်းပြပွဲ ပြိုင်ပွဲ အခမ်းအနား) တွင် ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့သည်။ ထိုပြိုင်ပွဲသည် ဒိုတာ ၂ ပေါ်ပြီး ခဏအကြာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ စုစုပေါင်းဆုကြေးငွေ ၁.၆ သန်း(အမေရိကန်ဒေါ်လာ) ရရှိခဲ့ပြီးနောက် ဗိုလ်စွဲသည့်အသင်းအနေဖြင့် ဆုငွေ ၁ သန်းကို ချီးမြှင့်ခဲ့သည်။ ဒုတိယအကြိမ် အင်တာနေရှင်နယ် ပြိုင်ပွဲကို ၂၀၁၂ ခုနှစ် ဩဂုတ်၃၁ ရက်မှ စက်တင်ဘာ၂ ရက်နေ့အထိ အမေရိကန်နိုင်ငံ ဝါရှင်တန်၊ ဆီအက်တယ်ရှိ ဘီနာရိုအာ ခန်းမတွင် ကျင်းပခဲ့သည်။ ဆုကြေးငွေမှာ ယခင်နှစ်အတိုင်းပင် ဖြစ်သည်။ တတိယ အကြိမ်မြောက် အင်တာနေရှင်နယ်ကို ထိုနေရာမှာပင် ကျင်းပခဲ့ပြီး Valve ကော်ပိုရေးရင်းအနေဖြင့် ပထမဆုံးအကြိမ် ဒစ်ဂျစ်တယ် လက်မှတ်အဖြစ် Compendium ဟုခေါ်သော စာအုပ်များကို ရောင်းချခဲ့ပြီး ဂိမ်းကစားသူများက ဝယ်ယူရကာ ရောင်းရငွေများမှ တစ်စိတ်တစ်ဒေသကို ဆုကြေးတွင် ဖြည့်သွင်းသည့် အစီအစဉ် စတင်ခဲ့သည်။ ၂၀၁၃ ခုနှစ် ဩဂုတ်လ ၇ ရက်မှ ၁၁ ရက်အထိကျင်းပခဲ့ပြီး ဆုကြေးငွေ ဒေါ်လာ ၂.၈ သန်းရရှိခဲ့ပြီး စာအုပ်ရောင်းရငွေ ဒေါ်လာ ၁.၂ သန်းကို ဆုကြေးထဲတွင် ထည့်ချီးမြှင့်ခဲ့သည်။ စတုတ္ထအကြိမ် အင်တာနေရှင်နယ်ပွဲအား ၂၀၁၄ ခုနှစ် ဂျူလိုင် ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိကျင်းခဲ့ပြီး Compendium စာအုပ်ရောင်းချငွေ စုစုပေါင်း ဒေါ်လာ ၁၀.၉ သန်း ရရှိကာ ကမ္ဘာ့အီလက်ထရောနစ် ဂိမ်းပြိုင်ပွဲများ သမိုင်းတွင် ဆုကြေးအများဆုံးအဖြစ် စံချိန်တင်ခဲ့သည်။ [1]
ငါးကြိမ်မြောက် ကျင်းပခဲ့သော လက်ရှိ အင်တာနေရှင်နယ်ပွဲကို ၂၀၁၅ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပခဲ့ပြီး ဆုကြေးငွေ ဒေါ်လာ ၁၈ သန်းရရှိခဲ့ကာ[2] ပြိုင်ပွဲတစ်ခုထဲမှာ ဆုကြေးငွေအများဆုံးပေးအပ်သော ဂိမ်းပြိုင်ပွဲတစ်ခုအဖြစ် စံချိန်တင် နာမည်ကျော်ကြားခဲ့သည်။[3]