သစ်တောက်ငှက်
From Wikipedia, the free encyclopedia
မြန်မာနိုင်ငံတွင် သစ်တောက်ငှက် အမျိုးမျိုးရှိသည်။ သစ်တောက်ငှက်သည် ပီစီဖောမီး မျိုးစဉ်တွင် ပီစီဒီး မျိုးရင်း၌ ပါဝင်သည်။ လူသိများသော သစ်တောက်ငှက်မျိုးကို သတ္တဗေဒ(ပါဏဗေဒ) အလိုအားဖြင့် ပိုင်းကပ်ဗီရီဒေးနပ် ဟု ခေါ်သည်။ ထိုငှက်မျိုးသည် အလျား ၁၃ လက်မ ရှိသည်။ အပေါ်ပိုင်းသည် စိမ်းနေ၍ အမြီးပိုင်းမှာ အဝါရောင် တောက်နေသည်။ အဖို၏ ဦးခေါင်းနှင့် အမောက် သည် ကြက်သွေးရောင်ဖြစ်၍ အမ၏ ဦးခေါင်းနှင့် အမောက်မှာ မည်းနက်နေသည်။ မျက်ခုံးမွှေးအဖြူ ပေါ်တွင် အနက်ကြောင်းရှိ၍ အောက်ပိုင်းတွင် အကြေးများသဖွယ် အမည်းမှတ်များ ရှိလေသည်။ သစ်တောက်ငှက်ကို ခေါက်ရှာငှက် (သို့မဟုတ်) တောက်ရှာငှက် ဟုလည်း ခေါ်သေးသည်။
အချက်တိုများ မျိုးရိုးခွဲခြားခြင်း, Subfamilies ...
သစ်တောက်ငှက် | |
---|---|
Pileated woodpecker | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Piciformes |
Infraorder: | Picides |
မျိုးရင်း: | Picidae Leach, 1820 |
Subfamilies | |
|
ပိတ်ရန်