![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/0/09/TheCheethcat.jpg/640px-TheCheethcat.jpg&w=640&q=50)
သစ်ကျုတ်
နို့တိုက်သတ္တဝါမျိုးစိတ် / From Wikipedia, the free encyclopedia
"ချီတာ"သည် 'ကျားသစ် (Leopard)' မဟုတ်ပါ။
ချီတာ (ခေါ်) သစ်ကျုတ် (အင်္ဂလိပ်: Cheetah) သည် အာဖရိကတိုက်နှင့် အာရှတိုက်တွင် အီရန်နိုင်ငံအလယ်ပိုင်းတို့၏ ဒေသရင်းမျိုးစိတ် ကြောင်မျိုးရင်းဝင် သားရဲတိရစ္ဆာန်တစ်မျိုးဖြစ်သည်။ ချီတာနှင့် ပူမာတို့သည် အရွယ်အစားအတန်အသင့် ကြီးမားသည့် ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များ ဖြစ်သော်လည်း ကျား၊ ခြင်္သေ့၊ ဂျိုက်ဂွါး၊ အင်းကျား စသည့် တိရစ္ဆာန်များနှင့် မျိုးရင်းခွဲ မတူကြဘဲ အိမ်မွေးကြောင်ကဲ့သို့ အရွယ်အစားသေးငယ်သည့် ကြောင်များနှင့် မျိုးရင်းခွဲတူ ဖြစ်လေသည်။ ချီတာသည် ကြောင်မျိုးရင်းခွဲ ဖဲလိုင်နီး(Felinae) တွင်ပါဝင်သော အစီနိုနိတ်စ်(Acinonyx) မျိုးစုမှဖြစ်ပြီး ၎င်း၏ သိပ္ပံအမည်မှာ "အစီနိုနိတ်စ် ဂျုဘာတတ်စ် (Acinonyx jubatus)" ဖြစ်သည်။ ချီတာများသည် ဆူညံသံပေးခြင်းမှလွှဲ၍ ဟိန်းသံ မပြုနိုင်ချေ။ ယင်းအချက်သည် ကြောင်မျိုးရင်းခွဲ (Felinae) နှင့် ကြောင်ကြီးမျိုးရင်းခွဲ (Pantherinae) ၏ အဓိကကွဲပြားချက်ပင် ဖြစ်လေသည်။
သစ်ကျုတ် (ဝါ) ချီတာ (အင်္ဂလိပ်: Cheetah) | |
---|---|
![]() | |
တောင်အာဖရိကနိုင်ငံမှ သစ်ကျုတ် တစ်ကောင် | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Carnivora |
Suborder: | Feliformia |
မျိုးရင်း: | Felidae |
မျိုးရင်းသေး: | Felinae |
မျိုးစု: | Acinonyx |
မျိုးစိတ်: | A. jubatus |
ဒွိနာမ | |
Acinonyx jubatus (Schreber, 1775) | |
မျိုးစိတ်ခွဲ | |
စာရင်း
| |
![]() | |
The range of the cheetah as of 2015[1] | |
Synonyms | |
စာရင်း
|