From Wikipedia, the free encyclopedia
ဝံပိုမြီးဖြူ (အင်္ဂလိပ်: White-tailed Eagle) သည် ကြီးမားသည့် သားကောင်ဖမ်းငှက်တစ်မျိုးဖြစ်ပြီး လင်းယုန်မြီးဖြူ၊ ပင်လယ် လင်းယုန်၊ ပင်လယ် မြီးဖြူလင်းယုန် ဟူ၍လည်း ခေါ်လေ့ရှိသည်။
ဝံပိုမြီးဖြူ | |
---|---|
At Raftsund, Lofoten/Norway. | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Accipitriformes |
မျိုးရင်း: | Accipitridae |
မျိုးရင်းသေး: | Haliaeetinae |
မျိုးစု: | Haliaeetus |
မျိုးစိတ်: | H. albicilla |
ဒွိနာမ | |
Haliaeetus albicilla (လင်းနီးယပ်၊ ၁၇၅၈) | |
Range of H. albicilla. Nesting range Wintering range Year-round range | |
Synonyms | |
Falco albicilla လင်းနီးယပ်၊ ၁၇၅၈ |
၎င်းသည် လင်းယုန်၊ သိမ်းငှက်နှင့် စွန် ကဲ့သို့ သားရဲငှက်များပါဝင်သည့် အဂ်စစ်ပစ်တြီဒီး မျိုးရင်းဝင်ပင်ဖြစ်သည်။ ဝံပိုမြီးဖြူနှင့် အမေရိက၏ ဒေသရင်း လင်းယုန်မျိုးဖြစ်သော ခေါင်းပြောင်ဝန်လူတို့သည် အမျိုးအလွန်နီးစပ်သော်လည်း ဝံပိုမြီးဖြူမှာ ယူရေးရှား ဒေသရင်း လင်းယုန်ငှက်ဖြစ်သည်။
အမြီးဖြူလင်းယုန်သည် အလွန်ကြီးမားသောငှက် ဖြစ်သည်။ အတိုင်းအတာအားဖြင့် ခန္ဓာကိုယ်အလျား ၂၆–၃၇ လက်မ (၆၆–၉၄ စင်တီမီတာ)နှင့် တောင်ပံဖြန့်အလျား ၅.၈–၈.၀ ပေ (၁.၈–၂.၄ မီတာ) အရှည်ပင် ရှိလေသည်။ အတောင်ပံအလျားသည် ပျမ်းမျှ ၇ ပေခန့်ထိရှိသည်ဟု သိရသည်။ ၎င်းသည် မည်သည့်လင်းယုန်မျိုးတွင်မဆို အကြီးဆုံး လင်းယုန်မျိုးဖြစ်သည်။ [2] [3]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.