From Wikipedia, the free encyclopedia
ဝီဇယ် (ဝါ) မြွေပါမြီးတိုမျိုးရင်း (Mustelidae[1]) ဆိုသည်မှာ ဝီဇယ် (ဝါ) မြွေပါမြီးတိုများနှင့် ၎င်း၏မျိုးနွယ်တူများဖြစ်ကြသည့် ဖျံများ၊ ဆတ်ခလောက်များ၊ ကြောင်ပျံများ ပါဝင်သော ဇီဝမျိုးတူတိရစ္ဆာန်များအုပ်စု တစ်စုဖြစ်သည်။ ယင်းအုပ်စုသည် အသားစားနို့တိုက်သတ္တဝါများ မျိုးစဉ်(Canivora) ထဲတွင်ပါဝင်ပြီး ခွေးအသွင်ရှိ တိရစ္ဆာန်များ မျိုးစဉ်ခွဲအောက်တွင်ပါဝင်သော မျိုးရင်းအဆင့် အုပ်စုဖြစ်ပြီး ၎င်းအား ပါဏဗေဒအလိုအရ မက်စတယ်လီဒီ(Mustelidae) ဟုခေါ်သည်။[2]
ဝီဇယ် (ဝါ) မြွေပါမြီးတိုမျိုးရင်း (Mustelidae) | |
---|---|
မြွေပါမြီးတို (ဝါ) ဝီဇယ် | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Carnivora |
Superfamily: | Musteloidea |
မျိုးရင်း: | Mustelidae G. Fischer de Waldheim, 1817 |
အမျိုးအစား မျိုးစု | |
Mustela (မြွေပါမြီးတို) လင်းနီးယပ်၊ ၁၇၅၈ | |
မျိုးရင်းခွဲများ | |
Lutrinae (ဖျံများ) |
ဝီဇယ် (သို့) မြွေပါမြီးတို မျိုးရင်းသည် နို့တိုက်သတ္တဝါ မျိုးပေါင်းတွင် ပါဝင်သော မျိုးကွဲအများဆုံးနှင့် အုပ်စုအကြီးဆုံး မျိုးရင်းလည်းဖြစ်သည်။ ယင်းမျိုးရင်းဝင်တိရစ္ဆာန်များ၏ အရွယ်အစားသည်လည်း ကြွက်ကို အမဲလိုက်သော မြွေပါမြီးတိုအရွယ်မှ ၎င်းတို့ခန္ဓာကိုယ်ထက် အဆများစွာပိုကြီးသည့် သားကောင်ကို အမဲလိုက်သော မြွေပါခွေးဝံ (Wolverines) အရွယ်အထိ အမျိုးမျိုးရှိကြသည်။ ဝီဇယ်မျိုးနွယ်များသည် နေရာဒေမျိုးစုံ၌ နေထိုင်ကျက်စားကြသည်ကိုလည်း တွေ့နိုင်သည်။ ဥပမာ- ဖျံများသည် ရေထဲတွင် အများစုနေထိုင်ကျက်စားကြသော်လည်း၊ မြွေပါမြီးတိုမျိုးစိတ်တစ်ခုမှာ အာတိတ်ဒေသတွင် ကျက်စားသည်ကို တွေ့ရသည်။
အောက်ပါတိရစ္ဆာန်များသည် လူသိများသော ဝီဇယ်မျိုးနွယ်ဝင် တိရစ္ဆာန်များဖြစ်သည် -
၎င်းမျိုးရင်းတွင် မျိုးရင်းခွဲ နှစ်ခုဖြစ်သည့် ဖျံ (Lutrinae) နှင့် ကျန်မျိုးရင်းဝင်များ (Mustelinae) ဟု အုပ်စုနှစ်ခု ထပ်မံခွဲခြားထားသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.