ဝီကီပီးဒီးယား:အခမဲ့မဟုတ်သော အကြောင်းအရာ
From Wikipedia, the free encyclopedia
တမ်းပလိတ်:Wikipedia copyright
ဤ ဆောင်းပါး သို့မဟုတ် အပိုင်းသည် ချဲ့ကားရေးသားနေဆဲ သို့မဟုတ် အကြီးစား ပြန်လည်တည်းဖြတ်နေဆဲဖြစ်ပြီး သင်လည်း ပါဝင်ကူညီ ရေးသားနိုင်သည်။ အကယ်၍ ဤဆောင်းပါး သို့မဟုတ် အပိုင်းသည် ရက်အနည်းငယ်ကြာသည်အထိ ပြင်ဆင်ခြင်းမရှိပါက ဤတမ်းပလိတ်ကို ကျေးဇူးပြု၍ ဖယ်ရှားလိုက်ပါ။ အကယ်၍ သင်သည် ဤတမ်းပလိတ်ကို ထည့်သွင်းသူ ဖြစ်ပြီး တည်းဖြတ်နေဆဲဖြစ်ပါက တည်းဖြတ်မှု တစ်ခုနှင့် တစ်ခုအကြားတွင် ကျေးဇူးပြု၍ ဤတမ်းပလိတ်အား {{in use}} ဖြင့် အစားထိုးပါ။
ဤ စာမျက်နှာ အား Ninjastrikers (ဆွေးနွေး | ပံ့ပိုး) မှ ၂ နှစ် အကြာက နောက်ဆုံးပြင်ဆင်ခဲ့သည်။ (ရှင်းသန့်ရန်) |
ဤ စာမျက်နှာ သည် မြန်မာဝီကီပီးဒီးယား အကြောင်းအရာ လမ်းညွှန်ချက် စာတမ်းဖြစ်သည်။ ဤအရာကို ယေဘုယျအားဖြင့် တည်းဖြတ်သူများမှ လိုက်နာရန် ဖြစ်ပြီး ဆင်ခြင်တုံတရားရှိရှိ ပြုမူကာ၊ ရံဖန်ရံခါ ခြွင်းချက်များ ရှိမည်ဖြစ်သည်။ စာမျက်နှာရှိ မည်သည့် ထိရောက်သော တည်းဖြတ်ပြင်ဆင်မှုမဆို အများဆန္ဒဖြင့် ပြင်ဆင်သင့်သည်။ သံသယရှိပါက ဆွေးနွေးချက် စာမျက်နှာတွင် ဦးစွာ ဆွေးနွေးပါ။ | အတိုကောက်များ |
ဤစာမျက်နှာတွင် မြန်မာဝီကီပီးဒီးယား မူဝါဒများ အတွက် အပိုင်းများ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ပါဝင်နိုင်သည်။ ယင်းအပိုင်းများအား မူဝါဒ အပိုင်း တမ်းပလိတ်ဖြင့် အမှတ်အသားပြုထားသည်။ ထိုသို့ မှတ်သားထားခြင်းမရှိသော ဤစာမျက်နှာရှိ အပိုင်းများသည် မူဝဒများမဟုတ်ကြပါ။ |
ဤစာမျက်နှာကို တိုတိုပြောရလျှင်: အခမဲ့မဟုတ်သော အကြောင်းအရာကို အောက်ပါအခြေအနေတို့တွင်သာလျှင် ဆောင်းပါးတွင်း၌ သုံးစွဲနိုင်သည်။
|
ဝီကီပီးဒီးယား၏ ရည်မှန်းချက်မှာ အခမဲ့လွတ်လပ်သော စွယ်စုံကျမ်းတစ်ခုဖြစ်ရန် ဖြစ်ပြီး အခမဲ့အကြောင်းအရာဟု ဆိုရာတွင် ပြန်လည်ဖြန့်ချိခြင်း၊ လေ့လာခြင်း၊ ပြင်ဆင်ခြင်းများအတွက် မူပိုင်ခွင့်ကန့်သတ်ချက်များမှ ကင်းလွတ်ခြင်း သို့မဟုတ် မည်သည့် ကြားခံမီဒီယာတွင်မဆို စီးပွားရေးအရ အသုံးပြုခြင်းများအပါအဝင် မည်သည့်ရည်ရွယ်ချက်ဖြင့်မဆို အသုံးပြုနိုင်သော ဖန်တီးမှုများ ဖြစ်သည်။ အဆိုပါ သတ်မှတ်ချက်များနှင့် မကိုက်ညီသော အကြောင်းအရာများကို အခမဲ့မဟုတ်သော အကြောင်းအရာဟု ဆိုနိုင်သည်။ ယင်းတွင် မူပိုင်ခွင့်သတ်မှတ်ထားသော သို့မဟုတ် စီးပွားရေးအတွက် အသုံးပြုရန်မဟုတ်သော သို့မဟုတ် ဝီကီပီးဒီးယားတွင်သာ အသုံးပြုရန် ဖြစ်သော (ပုံများ အပါအဝင်) အကြောင်းအရာများ အားလုံး ပါဝင်သည်။ (ယေဘုယျအားဖြင့် အခကြေးငွေ မပေးရသော ပုံများစွာတို့သည် ဝီကီပီးဒီးယား ရည်မှန်းချက်အရ "အခမဲ့မဟုတ်သော" ပုံများ ဖြစ်နေနိုင်သည်။) ဖောင်ဒေးရှင်းအနေဖြင့် "အခမဲ့" ဟူသည်ကို ဤနေရာတွင် အဓိပ္ပာယ် ဖွင့်ဆိုထားသည်။
ဝီကီမီဒီယာ ဖောင်ဒေးရှင်း၏ လိုင်စင်သတ်မှတ်ခြင်း မူဝါဒက ဝီကီမီဒီယာ ပရောဂျက်များအားလုံးတွင် လွှင့်တင်ထားသည့် အကြောင်းအရာများ အားလုံးကို အခမဲ့ အကြောင်းအရာဖြစ်စေရန် မျှော်လင့်ထားသော်လည်း အချို့သော ခြွင်းချက်များ ရှိနေသည်။ ပရောဂျက်များ ( ဝီကီမီဒီယာ ကွန်မွန်းစ်မှ လွဲ၍) အနေဖြင့် အခမဲ့မဟုတ်သော အကြောင်းအရာများကို အသုံးပြုရန် ခွင့်ပြုထားသော ကင်းလွတ်ခွင့်ရသော မူဝါဒကို သတ်မှတ်လိုက်နာစေရန် မူဝါဒက ခွင့်ပြုပေးထားသည်။ ယင်းသို့သော အသုံးပြုမှုများသည် အနည်းဆုံးဖြစ်ရန်လိုအပ်ပြီး သမိုင်းဝင်ထင်ရှားသော ဖြစ်ရပ်များကို ပုံဖော်ပြသနိုင်ရန်၊ လိုဂိုများကဲ့သို့သော ကာကွယ်ထားသည့် ဖန်တီးမှုများအား ပုံဖော်ပြသနိုင်ရန်၊ သို့မဟုတ် မူပိုင်ခွင့်ရှိသော ခေတ်ပြိုင် ဖန်တီးမှုများအကြောင်း ဆောင်းပါးများအား (ကျဉ်းမြောင်းသော ကန့်သတ်ချက်များအတွင်း) ပြည့်စုံစေရန် (ကန့်သတ်ထားသော ခြွင်းချက်များဖြင့်) ကန့်သတ်ခွင့်ပြုထားသည်။ သက်ရှိထင်ရှားပုဂ္ဂိုလ်များ၏ ဓာတ်ပုံများကဲ့သို့သော နောင်တွင် အခမဲ့လိုင်စင်သတ်မှတ်ထားသော ဖိုင်တစ်ခုခုကို upload တင်လာနိုင်သည့် အခြေအနေတွင် အခမဲ့မဟုတ်သော အကြောင်းအရာကို အသုံးမပြုသင့်ပေ။ ယင်းသို့ ပေါ်ပေါက်လာပါက အခမဲ့မဟုတ်သော အကြောင်းအရာအား အခမဲ့ဖြစ်သည့် အကြောင်းအရာနှင့် အစားထိုးသင့်သည်။
အခမဲ့ မဟုတ်သော အကြောင်းအရာ သတ်မှတ်ချက်မူဝါဒသည် မြန်မာဝီကီပီးဒီးယားတွင် ကင်းလွတ်ခွင့်ရသော မူဝါဒအဖြစ် ဆောင်ရွက်ပြီး ဤစာတမ်းအနေဖြင့် အဆိုပါ မူဝါဒနှင့် ပတ်သက်သော လမ်းညွှန်ချက်များကို ထောက်ပံ့ပေးသည်။ အခမဲ့မဟုတ်သော အကြောင်းအရာများကို အနည်းငယ်သော ကိစ္စရပ်များ (ဥပမာ တစ်စုံတစ်ခု/တစ်ဦး အတွက် အခမဲ့ လိုင်စင်ပုံအား ရယူရန် မဖြစ်နိုင်တော့သည့် အခြေအနေ) အတွက် ဝီကီပီးဒီးယားတွင် အသုံးပြုသည်။ သို့သော် အမေရိကန် ပြည်ထောင်စု၏ တရားမျှတစွာ အသုံးပြုခြင်း ဥပဒေအတွင်းတွင် ဖြစ်ရန်လိုအပ်သလို အောက်တွင် ဖော်ပြထားသော ဝီကီပီးဒီးယား၏ ကိုယ်ပိုင် အခမဲ့မဟုတ်သော အကြောင်းအရာ သတ်မမှတ်ချက်များနှင့် လိုက်လျောညီထွေ ဖြစ်ရမည် ဖြစ်သည်။