From Wikipedia, the free encyclopedia
ဝေါဟာရ | နည်းပညာ | အဆိုပြုချက်များ | အိုင်ဒီယာ | အထွေထွေ |
အကြံဉာဏ်သစ်များနှင့် အဆိုပြုချက်အသစ်များကို ဤနေရာတွင် ဆွေးနွေးပါသည်။ အဆိုပြုချက် မတင်သွင်းမီ:
|
« ဆွေးနွေးချက် အဟောင်းများ၊ ၁, ၂ |
ယုံကြည်ရတဲ့ အသုံးပြုသူတွေရဲ့ ဆောင်းပါးသစ်တွေ ဖန်တီးမှုကို အလိုအလျောက် စောင့်ကြပ်စစ်ဆေးပြီးကြောင်း မှတ်သားနိုင်မယ့် အလိုအလျောက် စောင့်ကြပ်စစ်ဆေးပြီးသူများ (autopatroller) နဲ့ ဆောင်းပါးသစ်တွေကို ဆန်းစစ်သုံးသပ်ပေးနိုင်မယ့် စောင့်ကြပ်စစ်ဆေးသူများ (patroller) အခွင့်အရေးအုပ်စု နှစ်ခုကို ဒီဝီကီမှာ ဖန်တီးဖို့ အဆိုပြုပါတယ်။ လတ်တလောမှာ စာမျက်နှာသစ်တွေကို စီမံခန့်ခွဲသူများကသာ စောင့်ကြပ်စစ်ဆေးပေးနေတာဖြစ်ပြီး စီမံခန့်ခွဲသူအရေအတွက်နဲ့ စာမျက်နှာသစ်အရေအတွက်နဲ့ မမျှဘူးလို့ မြင်မိတဲ့အတွက် ယုံကြည်ရတဲ့ အသုံးပြုသူတွေကို အလိုအလျောက် စောင့်ကြပ်စစ်ဆေးပြီးခြင်း အခွင့်အရေးပေးဖို့ ဆောင်ရွက်လိုရခြင်းပါ။ ဒါ့အပြင် ဒီအခွင့်အရေးအုပ်စုနှစ်ခုကို စီမံခန့်ခွဲသူ တစ်ဦးဦးကနေ ပေးအပ်ခြင်း/ဖယ်ရှားခြင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ တခြားဝီကီတော်တော်များများမှာလဲ ဒီအုပ်စုနှစ်ခုက ရှိထားကြပါတယ်။ အဆိုပြုချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ၊ ကန့်ကွက်စရာများရှိရင် ပြောပေးသွားကြပါဦး။ ကျေးဇူးပါ။ Ninja✮Strikers «☎» ၁၆:၁၈၊ ၂၇ ဇွန် ၂၀၂၃ (UTC)
မင်္ဂလာပါ။ မြန်မာဝီကီပီးဒီးယားမှာ အသုံးပြုဖို့ Portal နဲ့ Draft ထပ်တိုးအမည်ညွှန်းနှစ်ခုကို အဆိုပြုလိုပါတယ်။ Portal ကို "မုခ်ဦး" "မုခ်ဝ" နဲ့ Draft ကို "စာမူကြမ်း" လို့ ပြန်ဆိုဖို့ စဉ်းစားထားပါတယ်။ ဝီကီပီးဒီးယား:Article_wizard ကလည်း အဆင်ပြေပြီမို့ရယ်၊ Portal: နဲ့ စထားတဲ့ စာမျက်နှာတွေက ပင်မအမည်ညွှန်းထဲ ရောက်နေတာရယ်ကြောင့်ပါ။ ဆွေးနွေးသုံးသပ်ပေးကြပါဦး။ ကျေးဇူးတင်ပါတယ်။ Ninja✮Strikers «☎» ၁၃:၂၄၊ ၂၂ နိုဝင်ဘာ ၂၀၂၃ (UTC)
၃၀ ဇူလိုင်လ ၂၀၀၄ အား မြန်မာဝီကီပီးဒီးယား စတင်သည့် ရက်အဖြစ် ရွေးချယ်
မြန်မာဝီကီစတင်ခဲ့တာကို အကြမ်းဖျင်းအနေနဲ့ ဇူလိုင် ၂၀၀၄ လို့ သတ်မှတ်ထားပါတယ်။ စတင်ခဲ့တဲ့ ရက်ကို ရက်စွဲအတိအကျလေးနဲ့ သတ်မှတ်ထားရင် ကောင်းမလားလို့ပါ။ Anniversary လေးဘာလေး လုပ်လို့လဲရတာပေါ့။ အောက်မှာ မြန်မာဝီကီရဲ့ အဟောင်းဆုံး နေ့စွဲတွေကို ဖော်ပြထားပါတယ်။ ကျေးဇူးပြုပြီး မွေးနေ့အနေနဲ့ တစ်ရက်ရက်ကို ရွေးချယ်ပေးကြပါဦး။
ကျွန်တော့ အနေနဲ့ဆိုရင် ပထမသတ်မှတ်ထားကြတဲ့ ဇူလိုင် ၂၀၀၄ နဲ့လဲ ကိုက်ညီအောင် ဗဟိုစာမျက်နှာရဲ့ ပထမဆုံး ရက်စွဲ ၃၀ ဇူလိုင် ၂၀၀၄ ကိုတော့ ရွေးချယ်ချင်ပါတယ်။ Ninja✮Strikers «☎» ၀၄:၅၃၊ ၂၁ ဇွန် ၂၀၂၄ (UTC)
ဗဟိုစာမျက်နှာက ဝီကီစာမျက်နှာတိုင်းရဲ့ အဓိကမလို့ ၃၀ ဇူလိုင်လ ၂၀၀၄ခုနှစ် ဗဟိုစာမျက်နှာကို ပထမဆုံးတည်းဖြတ်တဲ့နေ့ကို ရွေးချယ်တာ ကောင်းမွန်မယ်လို့ ထင်မိပါတယ်။ --Shin Khant Maung (ဆွေးနွေး) ၀၁:၄၈၊ ၂၆ ဇွန် ၂၀၂၄ (UTC)
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.