From Wikipedia, the free encyclopedia
ဝိပဿနာတရားစင်တာ သည် စင်္ကာပူနိုင်ငံတွင် တည်ရှိသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ကျောင်းတော်ကို ၁၉၉၃ ခုနှစ်တွင် စတင်ခဲ့ပြီး စင်္ကာပူ၌ ဝိပဿနာတရားလေ့ကျင့်နိုင်မည့် အခွင့်အလမ်းထောက်ပံ့ပေးရန်နှင့် ထေရဝါဒဗုဒ္ဓဘာသာတိုးတက်ပြန့်ပွားစေရန် ရည်ရွယ်သည်။ ဤအဖွဲ့သည် ဂိုဏ်းဂဏအစွဲမရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည့် "Vipassana International Center (Singapore)" နှင့် ပတ်သက်မှုမရှိပေ။ ထို "Vipassana International Center (Singapore)" သည် ဆရာကြီးဦးဘခင်၏ တပည့်ဖြစ်သူ ဆရာကြီး ဦဂဂိုအင်ကာ ပြသသင်ကြားပေးသည့် ၁၀ ရက်တရားစခန်းသင်တန်းများ ကျင်းပပေးနေသည့် စင်တာတစ်ခု ဖြစ်သည်။ [1]
Vipassana Meditation Centre (Singapore) | |
အတိုကောက် | VMC |
---|---|
ဖွဲ့စည်းခြင်း | 1993 |
အမျိုးအစား | Theravada |
President | Maung Kyaw Teza |
နှီးနွယ်အဖွဲ့အစည်း | Lavender, Singapore |
ဝက်ဘ်ဆိုဒ် | vmc128.8m.com |
ဝိပဿနာတရားစင်တာကို ၁၉၉၃ ခုနှစ်တွင် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုအနေဖြင့် စတင်ခဲ့သည်။ ရည်မှန်းချက်မှာ ဗုဒ္ဓဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သူများအား ဓမ္မတရားလေ့ကျင့်မှုများ ပြလုပ်နိုင့်မည့် အခွင့်အလမ်းများနှင့် နေရာတစ်ခု ထောက်ပံ့ပေးရန် ဖြစ်သည်။ [2]
ဆရာတော် U Panditabhivamsa အပါအဝင် ထင်ရှားသည့် အကြံပေးသူများ၊ ဆရာများတို့သည် တရားစင်တာသို့ ပူးပေါင်းပါဝင်ခဲ့ကြသည်။ အဖွဲ့သည် ကမ္ဘာနှင့်အဝှမ်း (ဥပမာ - စင်္ကာပူ၊ ဩစတြေးလျ၊ တရုတ်၊ တောင်ကိုရီးယား) တွင် တရားအားထုတ်နိုင်သည့် နေရာများစွာ တည်ရှိသည်။[3][4]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.