ဝိတိုရိယ ကြာပန်းပင်
From Wikipedia, the free encyclopedia
ဝိတိုရိယ ကြာပန်းပင် (အင်္ဂလိပ်: Victoria Water Lily) သည် ကြာပန်းပင်တစ်မျိုးဖြစ်ပြီး ကြာပန်းပင်များထဲတွင် အကြီးမားဆုံး အရွက်ရှိသည့် အပင်လည်းဖြစ်သည်။ ဝိတိုရိယ ကြာပင် မျိုးစုသည် နင်ဖီအေစီးအီး မျိုးရင်း၌ ပါဝင်သည်။ ၎င်းတွင် Victoria amazonica ဟု သိပ္ပံအမည်ပေးထားသော "ဝိတိုရိယ ဘုရင်မ၏ ကြာပန်း (Queen Victoria's Water Lily)" မျိုးစိတ်နှင့် သိပ္ပံအမည် Victoria cruziana ဟုပေးထားသော ဆန်တာခရုဇ် ကြာပန်း (Santa Cruz Water Lily) မျိုးစိတ် ဟူ၍ မျိုးစိတ် နှစ်ခု ထပ်မံခွဲခြားထားသည်။ Victoria amazonica ကြာပင်မျိုးစိတ်၏ အရွက်သည် အရွယ်အစား အချင်းအားဖြင့် ၉.၈ ပေ (၃.၀ မီတာ) အထိ ရှိနိုင်ပြီး ရေအောက်ကြမ်းပြင် ကြာပင် အရင်းမှ ရေမျက်နှာပြင်ပေါ် အရွက်ထိ ၂၆ ပေ (၇.၉ မီတာ) အရှည်ထိရှိနိုင်သည်။ ဤကြာပင် မျိုးစု၏ အမည် 'ဝိတိုရိယ'သည် ယူနိုက်တက်ကင်းဒမ်း၏ ဘုရင်မ ဝိတိုရိယ ကို ဂုဏ်ပြုသောအားဖြင့် ပေးထားခဲ့ခြင်းဖြစ်သည်။
ဝိတိုရိယ ကြာပန်းပင် (သို့) ဧရာမ ရေနေလီလီပန်း (Victoria Lily or Giant Water Lily) | |
---|---|
အမ်စတာဒမ် ရုက္ခဗေဒဥယျာဉ်ထဲ၌ အပွင့် ပွင့်နေသော ဝိတိုရိယ ကြာပန်းပင် | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
မျိုးစဉ်: | Nymphaeales |
မျိုးရင်း: | Nymphaeaceae |
မျိုးစု: | Victoria Lindley |
မျိုးစိတ်များ | |
ဝိတိုရိယ ဘုရင်မ၏ ကြာပန်းပင် (Victoria amazonica) (Poepp.) Sowerby |
ဝိတိုရိယ ကြာပန်းပင်များသည် ပေါက်ရောက်ရှင်သန်ရာ ပတ်ဝန်းကျင်တွင် ၎င်းတို့၏ ကြီးမားသော အရွက်ကို ပြန့်ကားခြင်းဖြင့် အခြားရေနေ မျိုးကွဲအပင်များအား တွန်းထုတ်လေ့ရှိပြီး နောက်ဆုံးတွင် ၎င်းတို့ မျိုးတူ ကြာပန်းပင်များသာ ကျန်ရှိလေတော့၏။ ဤအခြေအနေဖြစ်လာချိန်တွင် ၎င်းတို့၏ အရွက်ကြီးများသည် ရေအောက်တွင် ရှိနေသော အပင်များထံသို့ နေရောင်ခြည် ရောက်ရှိနိုင်စွမ်းမရှိအောင်ပင် ရေမျက်နှာပြင်တစ်ခုလုံးကို အပြည့်အဝ ဖုံးအုပ်သွားသည်။[1]