ဝဘ်ဘရောက်ဆာ
From Wikipedia, the free encyclopedia
ဝဘ်ဘရောက်ဆာ (များသောအားဖြင့် ဘရောက်ဆာဟု ခေါ်သည်။) သည် ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ World Wide Web တွင် ရင်းမြစ်အချက်အလက်များကို ရယူခြင်း၊ ပြသခြင်း၊ ဖြတ်သန်းပို့ဆောင်သည့် အလုပ်များ လုပ်ဆောင်သည်။ ရင်းမြစ်အချက်အလက်တစ်ခုကို Uniform Resource Identifier (URI/URL) ဖြင့် သတ်မှတ်သည်။ ထိုရင်းမြစ်အချက်အလက်တွင် ဝဘ်စာမျက်နှာ၊ ရုပ်ပုံ၊ ဗီဒီယို သို့မဟုတ် အခြားအရာများ ပါဝင်သည်။ [1] လင့်များသည် အသုံးပြုသူများအား ရင်းမြစ်များရှိရာသို့ လမ်းညွှန်ရန် လုပ်ဆောင်ပေးသည်။ အဓိကအားဖြင့် ဘရောက်တာများသည် World Wide Web တွင် အသုံးပြုရန် ရည်ရွယ်သော်လည်း web servers မှ ဖိုင်များကို ကိုယ်ပိုင်ကွန်ရက်ဖြင့် ရယူအသုံးပြုခြင်းတို့တွင် အသုံးပြုနိုင်သည်။
လူသုံးအများဆုံး ဝဘ်ဘရောက်ဆာများမှာ ဂူဂယ် ခရုမ်း၊ Edge ( InternetExplorer ထက် အရင်ကျသည်။) [2][3][4]၊ ဆာဖာရီ (Safari)၊ အော်ပရာ (Opera)၊ Firefox တို့ ဖြစ်ကြသည်။