ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး From Wikipedia, the free encyclopedia
ဦးဝင်းရှိန် သည် နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်ဖြစ်သည်။[1] ထို့အပြင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးလည်းဖြစ်သည်။ ၂၀၂၁ခုနှစ် မေလတွင် စက်မှု ဝန်ကြီးဌာနကို ပြန်လည်ခွဲထုတ်ခြင်း မပြုမီအချိန်အထိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးအဖြစ် ၃လကြာ တာဝန်ထမ်းဆောင်ခဲ့သည်။
ဝင်းရှိန် | |
---|---|
မြန်မာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဖေဖော်ဝါရီ ၂၀၂၃ | |
ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
သမ္မတ | ဦးမြင့်ဆွေ (ယာယီ) |
ယခင်လူ | ဦးစိုးဝင်း (စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးအဖြစ်) |
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၇ စက်တင်ဘာ ၂၀၁၂ – ၃၀ မတ် ၂၀၁၆ | |
သမ္မတ | ဦးသိန်းစိန် |
ယခင်လူ | ဦးလှထွန်း |
ဆက်ခံသူ | ဦးကျော်ဝင်း (စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ်) |
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုဝန်ကြီး | |
တာဝန်သက်တမ်း ဇူလိုင် ၂၀၁၂ – စက်တင်ဘာ ၂၀၁၂ | |
ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး | |
တာဝန်သက်တမ်း မတ် ၂၀၁၁ – ဇူလိုင် ၂၀၁၂ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မြန်မာနိုင်ငံ |
လူမျိုး | မြန်မာ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
အမှုထမ်းကာလ | - ၂၀၁၀ |
ရာထူး | ဗိုလ်မှူးချုပ် |
သူသည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ ၂၀၁၃ မေလမှ ၂၀၁၄ မေလအထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။[2]၂၀၁၁ မတ်လမှ ၂၀၁၂ ဇူလိုင်လအထိ ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် လည်းကောင်း၊[3][4] ၂၀၁၂ ဇူလိုင်မှ စက်တင်ဘာလအထိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။[5] ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခြင်းမခံရမီ ကမ္ဘောဒီးယားနိုင်ငံ၏ မြန်မာနိုင်ငံ သံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၂၁ အာဏာသိမ်းမှုအပြီးတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ်ခံခဲ့ရသည်။ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရာ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ အစိုးရအဖွဲ့တွင် ၎င်းအပါအဝင် ဒုတိယဝန်ကြီးချုပ် (၅)ဦးရှိလာခဲ့သည်။
ရေတပ် လေ့ကျင့်ရေးဌာနချုပ်တွင် ဗိုလ်မှူးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။[4]ဦးဝင်းရှိန်၏ ဖခင်ဖြစ်သူ ဦးစန်းရှိန်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။[6]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.