![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/2/24/Thapyaywa_Substation.jpg/640px-Thapyaywa_Substation.jpg&w=640&q=50)
လျှပ်စစ်ဓာတ်အားခွဲရုံ
From Wikipedia, the free encyclopedia
လျှပ်စစ်ဓာတ်အားခွဲရုံ (အင်္ဂလိပ်: Electrical Substation သည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းကဏ္ဍများတွင် ပါဝင်သော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဓာတ်အားခွဲရုံများသည် ဗို့အားအပြောင်းအလဲလုပ်ပေးခြင်းအပါအဝင် အခြားအရေးကြီးသော လုပ်ငန်းများ လုပ်ဆောင်ပေးသည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာစက်ရုံများမှ သုံးစွဲသူများ အကြားတွင် လျှပ်စစ်ဓာတ်အားသည် အမျိုးမျိုးသောဗို့အားများဖြင့် ခွဲရုံများကြားခံကာ စီးဆင်းနေသည်။ ဓာတ်အားခွဲရုံများတွင် ထရန်စဖော်မာများရှိပြိး ၎င်းတို့သည် မြင့်မားသောဗို့အားများဖြင့်လာသည့် ဓာတ်အားပို့လွှတ်ရေးလိုင်းများနှင့် ဗို့အားနိမ့် ဓာတ်အားဖြန့်ဖြူးရေးလိုင်းများအကြား ဗို့အားအပြောင်းအလဲ လုပ်ပေးကြသည်။ ဓာတ်အားခွဲရုံအမျိုးအစား၊ ဗို့အားအမျိုးအစားများအပေါ်လိုက်၍ ဓာတ်အားခွဲရုံအမျိုးမျိုးရှိသည်။ မြန်မာနိုင်ငံတွင် ပင်မလျှပ်စစ်ဓာတ်အားခွဲရုံများကို အစိုးရ၏ လျှပ်စစ်နှင့်ပက်သက်သော ဝန်ကြီးဌာနက တည်ဆောက်ထိန်းချုပ်သည်။
- Primary power lines' side
- Secondary power lines' side
- Primary power lines
- Ground wire
- Overhead lines
- Transformer for measurement of electric voltage
- Disconnect switch
- Circuit breaker
- Current transformer
- Lightning arrester
- Main transformer
- Control building
- Security fence
- Secondary power lines
လျှပ်စစ်ဓာတ်အားခွဲရုံများသည် အောက်ပါလုပ်ငန်းများကို လုပ်ဆောင်သည်။
- ဓာတ်အားလိုင်းများအား အဖွင့်၊ အပိတ်လုပ်ခြင်း။
- ဗို့အားမြှင့်တင်ခြင်း (သို့မဟုတ်) လျှော့ချခြင်း။
- ဓာတ်အားပေးစက်ရုံများအား ချိတ်ဆက်ပေးခြင်း။
- ring main system ကိုအသုံးပြု၍ ဓာတ်အားပေးစနစ်အား တည်ငြိမ်အောင် ပြုလုပ်ပေးခြင်း။
- ဓာတ်အားလိုင်းများအား ဝန်အားပိုစေခြင်း(overload)၊ အပြစ်ဖြစ်စေခြင်း(Fault)တိုမှ ကာကွယ်ပေးခြင်း။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/2/24/Thapyaywa_Substation.jpg/640px-Thapyaywa_Substation.jpg)