လောင်းကစားခြင်း
မသေချာမရေရာတဲ့ရလဒ်နဲ့အတူကစားပွဲတစ်ခုခုမှာငွေရှာခြင်း / From Wikipedia, the free encyclopedia
လောင်းကစားဆိုသည်မှာ "ငွေ ကိုဖြစ်စေ၊ အခြားတစ်ခုခုကို ဖြစ်စေ တန်ဖိုးထပ်၍ မသေချာ မရေရာမှု တစ်ခုကို အရဲစွန့်ပြုလုပ်ခြင်း" ဟု အနောက်နိုင်ငံ စွယ်စုံကျမ်းတစ်ခုတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ တစ်နည်း အားဖြင့် ကံကိုယုံပြီး အချို့တစ်ဝက်ကို ဖြစ်စေ၊ အားလုံးကိုဖြစ်စေ ပုံအော လိုက်ရခြင်းဟူ၍လည်း ဆိုနိုင်သည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(18 Aug 2021) |
၂၀၁၈-လောင်းကစား ဥပဒေကြမ်းအရ အဓိပ္ပာယ်ဖော်ပြချက်မှာ လောင်းကစားခြင်း ဆိုသည်မှာ ကံစမ်းကစားခြင်း၊ ကျွမ်းကျင်မှု ကစားခြင်ူ၊ တစ်ခုခုတွင် ပါဝင်ပြီး ငွေကြေးအတွက်၎င်း၊ ငွေကြေးကဲ့သို့ တန်ဖိုးရှိသော (သို့) ငွေကြေးတန်ဖိုးအဖြစ် လွှဲပြောင်းသတ်မှတ်ရန် သဘောတူပြီး ဖြစ်သော ပစ္စည်းတစ်စုံတစ်ရာအတွက်၎င်း အကောက်အစား ယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ လောင်းကစားခြင်းကို ဆိုသည်။ [1]
လောင်းကစားခြင်းသည် လူ့သမိုင်းတွင် ယနေ့တိုင် တရားဝင်စနစ်ဖြင့်ဖြစ်စေ၊ တရားမဝင်ဘဲဖြစ်စေ အောင်ပွဲခံနေဆဲ ဖြစ်သည်။ လူ့ဘောင်လောကတွင် အကျိုးအမြတ်အများဆုံး၊ လူကြိုက် အများဆုံးနှင့် ရေပန်းအစားဆုံး ဖျော်ဖြေပွဲကြီးတစ်ခုလည်း ဖြစ်သည်။
ခေတ်သစ်လောင်းကစားခြင်း (Gambling) ကို Gaming ဟူ၍ လည်း သတ်မှတ်ခေါ်ဆိုလာကြသည်။ အမေရိကန်နိုင်ငံတွင် တရားဝင်လောင်း ကစားမှုသည် နှစ်စဉ် ဒေါ်လာဘီလီယံ ၆၀ ကျော် ရှိသည်။ ပြည်နယ်နှင့် မြို့ကြီးအတော်များများတွင် တရားဝင် လောင်းကစားဒိုင်ကြီးများဖွင့်ကာ ခမ်း နားကြီးကျယ်စွာ လောင်းကစားနေကြ ခြင်းဖြစ်သည်။ ထိုလောင်းကစားခြင်း လုပ်ငန်းအပေါ်ရပ်တည်ပြီး ဆွေစဉ်မျိုး ဆက် ချမ်းသာကြွယ်၀နေကြသည့် အုပ်စုများစွာရှိကြောင်းလည်း သိရ သည်။
လောင်းကစားခြင်းက မြောက် မြားစွာသော မိသားစုနှင့် အိမ်ထောင်စု များစွာကို အလုပ်ပေး ထမင်းကြွေးထား နိုင်သည့်အပြင် နိုင်ငံတော်အတွက် အခွန်ကောက်ခံရရှိနိုင်စေရန် အကောင်း ဆုံး နေရာတစ်ခုလည်း ဖြစ်လာသည်။ အချို့သော လူ့ဘောင်အဖွဲ့အစည်းနှင့် ဘာသာရေးလွှမ်းမိုးသော လူနေမှုတွင် လောင်းကစားခြင်းကို ရာဇဝတ်မှု၊ စာရိတ္တပျက်စီးမှု၊ လူမှုရေးအကျင့်ပျက်မှု တစ်ခုအနေဖြင့် သတ်မှတ်ထားကြ သည်။ ကမ္ဘာ့နိုင်ငံအတော်များများတွင် လောင်းကစားခြင်းကို တရားဝင်လုပ်ငန်း တစ်ခုအနေနှင့် သတ်မှတ်ထားကာ မှီခို အားထားနေကြရသည်လည်း ရှိသည်။ လောင်းကစားနိုင်ရန်အတွက် လောင်း ကစားမည့်အမျိုးအစား၊ လောင်းကစား ပြုလုပ်နိုင်သည့် အသက်အရွယ်အပိုင်း အခြားကိုလည်း သီးခြားသတ်မှတ် ပြဋ္ဌာန်းပေးရသည်များလည်း ရှိသည်။