လေဆိပ်အဆောက်အဦ
From Wikipedia, the free encyclopedia
လေဆိပ်အဆောက်အဦမှာ ခရီးသည်များ ထွက်ခွာ၊ ရောက်ရှိနေရာများ၊ လေယာဉ်ကွင်းအာဏာပိုင်အဖွဲ့၏ ရုံးခန်းများ၊ လေကြောင်းလိုင်း အုပ်ချုပ်ရေးနှင့် ဆိုင်သောရုံးခန်းများ အများအားဖြင့် ပါဝင်ပေသည်။ ခရီးသည်များအတွက်လည်း လိုအပ်သည့် စားသောက်ဆိုင်များ၊ စာအုပ်အရောင်းဆိုင်များ၊ တယ်လီဖုန်းဆက်သွယ်ရေး ရုံးများ၊ ရေချိုးသန့်စင်ခန်း များပါဝင်သည့် နားနေခန်းများ၊ လက်ဆောင်ပစ္စည်းဆိုင်များ စသည်ဖြင့် ပါဝင်သည်။ အဆောက်အဦး ၏အပြင် ဘက်ထွက်ပေါက်တွင်လည်း ကုန်လမ်းသယ်ယူပို့ဆောင်ရေးအတွက် တက္ကစီများနှင့် ဘတ်စ် ကားများ တတ်နိုင်သလောက် စီစဉ်ပေးနိုင်ရမည်။
ထိုထဲတွင် လေယာဉ်သို့တက်ရန် နားနေဆောင်များလည်း ရှိပေသည်။
လေယာဉ်ကွင်းငယ်များမှာ အဆောက်အဦး ၁ ခုရှိသလို လေယာဉ်ကွင်းကြီးများ၌ အဆောက်အဦးများစွာ ရှိသည်။
အချို့လေဆိပ်ကြီးများတွင် အဆောက်အဦး ၁ ခုသာရှိသော်လည်း နားနေဆောင်များစွာ ခွဲထားသည်။