လူဝီ ဗွီတွန်
ပြင်သစ် ဖက်ရှင်အသုံးအဆောင် နှင့် ဇိမ်ခံပစ္စည်းများ လက်လီရောင်းချသော ကုမ္ပဏီ / From Wikipedia, the free encyclopedia
လူဝီ ဗွီတွန် (အင်္ဂလိပ်: Louis Vuitton, /luːˈiː vɪˈtɒn/ ( နားဆင်); ပြင်သစ်: Louis Vuitton, [lwi vɥitɔ̃] ( နားဆင်)) သည် ပြင်သစ် ဇိမ်ခံ ဖက်ရှင်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းဖြစ်ပြီး ဒီဇိုင်နာ လူဝီ ဗွီတွန် မှ ၁၈၅၄ ခုနှစ်တွင် တည်ထောင်ခဲ့သော ကုမ္ပဏီဖြစ်သည်။[1] တန်ဖိုးကြီး လက်ကိုင်အိတ်များနှင့် သားရေပစ္စည်းများမှသည် ရယ်ဒီမိတ် အဝတ်အထည်များ၊ ဖိနပ်များ၊ ရေမွှေးများ၊ နာရီများ၊ လက်ဝတ်ရတနာများ၊ အသုံးအဆောင်ပစ္စည်းများ၊ နေကာမျက်မှန်များနှင့် စာအုပ်များအထိ ထုတ်ကုန်အများစုတွင် LV monogram တံဆိပ်အား မြင်တွေ့ဖူးကြမည်ဖြစ်သည်။ လူဝီ ဗွီတွန်သည် ကမ္ဘာ့ထိပ်တန်း နိုင်ငံတကာ ဖက်ရှင်လုပ်ငန်းများထဲမှ တစ်ခုဖြစ်သည်။ ၎င်း၏ထုတ်ကုန်များကို သီးသန့်ဆိုင်များ၊ အဆင့်မြင့် ထုတ်ကုန်ပစ္စည်း ရောင်းချသည့် ဆိုင်များတွင် ရောင်းချသည့်အပြင် ၎င်း၏ ဝဘ်ဆိုဒ်မှတစ်ဆင့်လည်း ရောင်းချသည်။[4][5]
ပဲရစ်မြို့မှ လူဝီ ဗွီတွန်ဆိုင် | |
အမျိုးအစား | လုပ်ငန်းခွဲ (SAS)[1] |
---|---|
လုပ်ငန်း | ဖက်ရှင်လုပ်ငန်း |
တည်ထောင်သည့်နှစ် | ၁၈၅၄; ၁၇၀ နှစ် အကြာက (၁၈၅၄) |
တည်ထောင်သူများ | လူဝီ ဗွီတွန် (ဒီဇိုင်းနာ) |
ဌာနချုပ် | 2 Rue du Pont Neuf 75001 ပဲရစ်မြို့ ပြင်သစ်နိုင်ငံ 48.8593°N 2.3439°E / 48.8593; 2.3439 |
အရေးပါ ပုဂ္ဂိုလ်များ | |
ထုတ်ကုန်ပစ္စည်း |
|
ဝင်ငွေ | ယူရို € ၁၄ ဘီလီယံ (၂၀၂၀)[2] |
အလုပ်သမားဦးရေ | ၁၉,၀၀၀ (၂၀၁၃)[3] |
မိခင်ကုမ္ပဏီ | LVMH |
ဝက်ဘ်ဆိုက် | louisvuitton.com |
လူဝီ ဗွီတွန်သည် ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ခြောက်နှစ်ဆက်တိုက် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဇိမ်ခံပစ္စည်း အမှတ်တံဆိပ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ ၎င်းအမှတ်တံဆိပ်၏ ၂၀၁၂ ခုနှစ်အတွက် တန်ဖိုးသည် အမေရိကန်ဒေါ်လာ $ ၂၅.၉ ဘီလီယံဖြစ်သည်။[6] ၂၀၁၃ ခုနှစ်တွင် အမှတ်တံဆိပ်၏တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၈.၄ ဘီလီယံထိ ရောက်ရှိခဲ့ပြီး ဝင်ငွေမှာလည်း အမေရိကန်ဒေါ်လာ $ ၉.၄ ဘီလီယံ ရရှိခဲ့သည်။[7] ကုမ္ပဏီသည် ကမ္ဘာတစ်ဝန်းရှိ စတိုးဆိုင်ပေါင်း ၄၆၀ ကျော်ဖြင့် နိုင်ငံပေါင်း ၅၀ တွင် လည်ပတ်လျက်ရှိသည်။[8]