From Wikipedia, the free encyclopedia
လူဇင်ဘတ်နိုင်ငံသည် အနောက်ဥရောပတွင် ရှိသော ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဂျာမနီနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက် ရှိသည်။ လူဇင်ဘတ်သည် ၂၅၈၆ စတုရန်းကီလိုမီတာ (၉၉၉ စတုရန်းမိုင်) ခန့်မျှ ကျယ်ဝန်းသော နေရာတွင် လူဦးရေ သန်းတစ်ဝက်ကျော် ခန့်မျှ ရှိသည်။ ကိုယ်စားပြု ဒီမိုကရေစီစနစ်နှင့် စည်းမျဉ်းခံ ဘုရင်စနစ် ကျင့်သုံးသော နိုင်ငံဖြစ်ပြီး အုပ်ချုပ်သူမှာ နယ်စားထက် မြင့်ပြီး ဘုရင်ထက် နိမ့်သော ဂရင်းန်းဒျု ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဂရန်းဒျု အုပ်ချုပ်သည့် တစ်ခုတည်းသော အချုပ်အခြာအာဏာပိုင် ဖြစ်သည်။ ဤနိုင်ငံတွင် အလွန်ဖွံ့ဖြိုးသော စီးပွားရေး ရှိပြီး နိုင်ငံတကာငွေကြေးအဖွဲ့၏ အဆိုအရ လူတစ်ဦးချင်း ပျမ်းမျှ ဝင်ငွေ အများဆုံးနိုင်ငံ ဖြစ်သည်။ သမိုင်းကြောင်းနှင့် မဟာဗျူဟာ အရ အရေးပါသော နေရာအဖြစ် ရှိခဲ့သည်မှာ ရောမခေတ်ကာလက ခံတပ်တည်ရှိရာနေရာနှင့် အလယ်ခေတ်အစောပိုင်းက ဖရန့်ကစ်ရှ် ကောင့်၏ ရဲတိုက် တည်ရှိရာနေရာ အဖြစ် ရှိခဲ့သည်။
The Grand Duchy of Luxembourg | |
---|---|
အလံတော် | |
ဆောင်ပုဒ်: We want to remain what we are၊
Mir wëlle bleiwe wat mir sinn၊ Nous voulons rester ce que nous sommes၊ Wir wollen bleiben, was wir sind | |
နိုင်ငံတော် သီချင်း: "Ons Heemecht" ("Our Homeland") | |
မြို့တော် နှင့် အကြီးဆုံးမြို့ | လူဇင်ဘတ်မြို့ |
ရုံးသုံး ဘာသာစကားများ | ပြင်သစ်၊ ဂျာမန်၊ လူဇင်ဘတ် |
လူမျိုးစု | လူဇင်ဘတ် ၅၀.၉ %၊ ပေါ်တူဂီ ၁၈.၂%၊ ပြင်သစ် ၁၃.၅%၊ ဂျာမန် ၁၀.၃%၊ အခြား ၇.၁%၊ |
ကိုးကွယ်မှု | ရိုမန် ကတ်သလစ် ၈၇% |
အမျိုးအစား | လွတ်လပ်သောနိုင်ငံ |
အစိုးရ | |
• Grand Duke | ဟင်နရီ |
• ဝန်ကြီးချုပ် | Xavier Bettel |
တည်ထောင် | |
• ပြင်သစ်အင်ပိုင်ယာ | ဇွန်လ ၉ ရက် ၁၈၁၅ (ပြင်သစ်စာချုပ်) |
• ပထမ လန်ဒန် စာချုပ် | ၁၉ ဧပြီ ၁၈၃၉ |
• ဒုတိယ လန်ဒန် စာချုပ် | ၁၁ မေ ၁၈၆၇ |
• End of personal union | ၂၃ နိုဝင်ဘာ ၁၈၉၀ |
ဧရိယာ | |
• စုစုပေါင်း | ၂၅၈၆.၄ km² (၉၉၈.၆ sq mi) (အဆင့်: ၀၀၀) |
• ရေထု (%) | မရှိ |
လူဦးရေ | |
• ခန့်မှန်း | ၄၃၉,၅၃၉ (၂၀၁၁) (အဆင့် - ၁၆၄) |
• သိပ်သည်းမှု | ၂၃၃.၇/km² (၆၀၅.၃/sq mi) (အဆင့် - ၅၈) |
GDP (PPP) | ခန့်မှန်း |
• စုစုပေါင်း | US $၆၇ ဘီလီယံ (၂၀၁၈) (အဆင့် - ၉၄) |
• Per capita | US $၁၁၀,၈၇၀ (အဆင့် - ၁) |
HDI | ၀.၉၀၄ (၂၀၁၇) အမှား။ မရေရာသော HDI တန်ဖိုး · ၂၁ |
ငွေကြေး | ယူရို (EUR "€") |
တယ်လီဖုန်းကုဒ် | +၃၅၂ |
Internet TLD | .lu |
စစ်ကြီးမဖြစ်မီအချိန်က ကမ္ဘာပေါ်တွင် အအေးချမ်း အသာယာဆုံးသော တိုင်းပြည်၏ အမည်ကိုမေးလျှင် လပ်ဇင်ဗူး ခေါ် လူဇင်ဘတ်နိုင်ငံ ကလေးကို ညွှန်ပြရပေမည်။ လက်နက်နိုင်ငံကြီး များ ဝိုင်းရံလျက်ရှိသော်လည်း တစ်ခါကမူ အလွန်အေးချမ်းသာယာသော နိုင်ငံငယ်တစ်ခု ဖြစ်ခဲ့၏။
လပ်ဇင်ဗူးသည် သာယာလှပသော တိုင်းပြည်ကလေးတစ်ပြည်ဖြစ် ၍ အကျယ်အဝန်းမှာ ၉၉၉ စတုရန်းမိုင်ဖြစ်၏။ မြေမျက်နှာပြင်မှာ မညီမညာဘဲ၊ သစ်တောများဖုံးလျက်ရှိသော ကုန်းမြင့်များဖြစ်၏။ မြောက်ပိုင်း၌ မြင့်မားသော တောင်များရှိပြီးလျှင် တောင်ပိုင်း၌ မြေဩဇာကောင်းမွန်သော ဒေသများရှိလေသည်။ ဂျုံ၊ မြင်းစားဂျုံ၊ အာလူးနှင့် စပျစ်ပင်များ စိုက်ပျိုးကြ၏။ သံကိုတူးဖော်၍ အရည်ကျိုသည့်လုပ်ငန်းနှင့်အရက်ချက်သော လုပ်ငန်းများလည်းရှိ၏။ လူဇင်ဘတ်နိုင်ငံ၏ လူဦးရေမှာ ၄၃၉,၅၃၉ (၂၀၁၀) ဖြစ်၏။ ဗရင်ဂျီဂိုဏ်းဝင်များပြားသည်။ နိုင်ငံ၏အဓိပတိမှာ နတ်ဆောမြို့စားရိုးမှမြို့စားကြီး သို့မဟုတ် မြို့စားမကြီးဖြစ်၍ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့မှာ ယင်းကခန့်ထား၍ ဝန်ကြီးချုပ်ဦးဆောင်သည့် ကက်ဘိနက်အစိုးရအဖွဲ့ဖြစ် သည်။ ထို့အပြင် နိုင်ငံတော်ကောင်စီဟူသည့် အကြံပေးအဖွဲ့လည်းရှိသေး သည်။ ဥပဒေပြုအဖွဲ့ဖြစ်သော ပြည်သူ့လွှတ်တော်တွင် အသက် ၂၁ နှစ် ပြည့်ပြီး နိုင်ငံသူ နိုင်ငံသားများကရွေးကောက် တင်မြှောက်ထားသည့် ကိုယ် စားလှယ်တော် ၅၆ ဦးပါဝင်သည်။ ပြည်တွင်းရှိ မီးရထားလမ်းများမှာ မိုင် ၃ဝဝ ကျော်သာရှည်လျား၏။
လူဇင်ဘတ်နိုင်ငံသည် ယခုအခါ ဂျာမနီနှင့်ပြင်သစ်နိုင်ငံကို ခြား ထားသော တိုင်းကျပ်ပြည်ကျပ်ကလေး တစ်ခုမျှသာဖြစ်သော်လည်း ၁၃၄၇ ခုနှစ်မှ ၁၄၃၇ ခုနှစ်အထိ စိုးစံခဲ့သော လူဇင်ဘတ်မင်းများမှာ ဘိုဟီးမီးယား ဘုရင်များဖြစ်ကြ၍ ရောမသာသနာစောင့်နိုင်ငံတော်ကြီးကိုလည်း ထိုသူတို့ အုပ်စိုးခဲ့ရလေသည်။ ၁၅ ရာစုနှစ်မှစ၍ လူဇင်ဘတ်နိုင်ငံကို ဗာဂန်ဒီ၊ ဩစတြီးယား၊ ပြင်သစ်နိုင်ငံနှင့်ဒပ်ချ် တို့က အုပ်စိုးခဲ့ကြ၍ ၁၈၆၇ ခုနှစ်တွင် လွတ်လပ်သော ပြည်အဖြစ်ဖြင့် ကြေညာလိုက်သော်လည်း ပထမကမ္ဘာစစ် ဖြစ်သည်အထိ လပ်ဇင်ဗူးနိုင်ငံမှာ ဂျာမန်အကောက်တော် သမဂ္ဂ၌ ပါဝင်နေခဲ့ရ၏။ ပထမကမ္ဘာစစ်ဖြစ်ပွားသောအခါ ဂျာမနီ၏ သိမ်းပိုက်ခြင်းကို ခံရ ပြီးနောက် ၁၉၁၈ ခုနှစ်တွင် ဂျာမနီလက်အောက်မှ လွတ်မြောက်ပြီးလျှင် ဗာဆေးစာချုပ်အရ လပ်ဇင်ဗူးနိုင်ငံ၏ လွတ်လပ်ရေးမှာ ပိုမိုခိုင်မြဲသွားလေ သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင် ဂျာမနီတို့က ထပ်မံသိမ်းယူခဲ့ပြန်ရာ စစ်ကြီးပြီးမှ လွတ်မြောက်သွား၏။
တိုင်းပြည်၏ အဓိကဖြစ်သော စက်မှုလက်မှုလုပ်ငန်းများမှာ သိုး မွေးထည်၊ လက်အိတ်၊ စက္ကူ၊ အိုးခွက်၊ သားရေ၊ သကြား၊ အရက်ပျံ စသည်ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်ကြ၏။ မြို့တော်မှာ လပ်ဇင်ဗူး (လပ်ဇင်ဗတ်)မြို့ဖြစ်၍ လူဦးရေ ၇၇၇၂၁ ယောက်ရှိပြီးလျှင် ဥရောပတိုက်တွင် အလှပဆုံးသော မြို့တစ်မြို့ဖြစ်၏။ မြို့မှာ နှစ်ထပ်ဆောက်ထားဘိသကဲ့သို့ အဆင့်နှစ်ဆင့်ရှိရာ ပထမအထပ်ကိုပေ ၂ဝဝ မြင့်သည့်တောင်စွန်းပေါ်၌ တည်ထား၍ အောက်ဒုတိယအဆင့်သို့ လှေကားထစ်များ၊ ဝင်္ကပါလမ်းများ၊ တံတားကြီးများဖြင့် ဆက်သွယ်ထား လေသည်။[1]
လပ်ဇမ်ဘာ့ဂ် (တရားဝင် အမည် = လပ်ဇမ်ဘာ့ဂ် မဟာစော်ဘွား နိုင်ငံ (Grand Duchy of Luxembourg) ) သည် ဥရောပတိုက် အနောက်ပိုင်းရှိ ကုန်းတွင်းပိတ် နိုင်ငံငယ် တစ်ခု ဖြစ်သည်။ အနောက်ဘက်နှင့် မြောက်ဘက်တွင် ဘယ်လ်ဂျီယံ၊ အရှေ့ဘက်တွင် ဂျာမနီ၊ တောင်ဘက်တွင် ပြင်သစ် နိုင်ငံ တို့နှင့် ထိစပ်လျက် ရှိသည်။ ၎င်းမြို့တော် လပ်ဇမ်ဘာ့ဂ် မြို့သည် ဘရပ်ဆဲလ် မြို့နှင့် စထရပ်စ်ဘာ့ဂ် (Strasbourg) မြို့တို့နှင့် အပြိုင် ဥရောပ သမဂ္ဂ၏ မြို့တော် တစ်ခုဖြစ်သည်။ EU ၏ အမြင့်ဆုံး တရားစီရင်ပိုင်ခွင့် ရှိသော ဥရောပ တရားရေး ရုံး၏ ရုံးစိုက်ရာ မြို့လည်း ဖြစ်သည်။ လပ်ဇမ်ဘာ့ဂ် နိုင်ငံ၏ လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာ စကားတို့သည် အိမ်နီးချင်း ပြင်သစ်၊ ဂျာမန် ယဉ်ကျေးမှု များနှင့် ရောနှောလျက် ရှိပြီး၊ ၎င်းအချက်ကို နိုင်ငံတော် ရုံးသုံး ဘာသာစကား ၃ခု ပြဋ္ဌာန်း ထားခြင်းဖြင့် တွေ့မြင်နိုင်သည်။ ပြင်သစ်၊ ဂျာမန် နှင့် အမျိုးသား ဘာသာစကား အဖြစ် လပ်ဇမ်ဘာ့ဂစ်ရှ် (Luxembourgish) တို့ဖြစ်သည်။ လပ်ဇမ်ဘာ့ဂစ်ရှ် ကို တစ်ခါတစ်ရံ ဂျာမန် ဘာသာစကား၏ ဒေသိယ စကားတစ်ခု အနေဖြင့်လည်း သတ်မှတ်ကြသည်။ ဂျာမနီ၏ ထပ်ခါတလဲလဲ ကျူးကျော်ခံရခြင်း၊ အထူးသဖြင့် ဒုတိယ ကမ္ဘာစစ် အတွင်း အဖြစ်အပျက်များက လက်ဇမ်ဘာ့ဂ် နိုင်ငံသားများ အတွက် ပြင်သစ်နှင့် ဂျာမနီကြား မည်သည့် ဘက်မှ မပါလိုပဲ သီးခြား လွပ်လပ်သည့် နိုင်ငံ ထူထောင်လိုစိတ်ကို ပိုမို ကြီးထွားလာစေခဲ့သည်။ ထိုအချက်ကပင် ဥရောပသမဂ္ဂ ထူထောင်ခြင်း၏ အချက်တစ်ချက် ဖြစ်လာခဲ့သည်။
စတုရန်း ကီလိုမီတာ ၂,၅၈၆ (စတုရန်း မိုင် ၉၉၈) သာ ရှိပြီး၊ ဥရောပတိုက်၏ အသေးဆုံး အချုပ်အခြာ အာဏာပိုင်နိုင်ငံ တစ်ခု ဖြစ်သည်။ ၂၀၁၆ တွင် လူဦးရေ ၅၇၆,၂၄၉ ယောက် ရှိပြီး၊ ဥရောပတိုက်၏ လူဦးရေ အနည်းဆုံး နိုင်ငံ ဖြစ်သည်။ သို့သော်လည်း လူဦးရေ တိုးပွားနှုန်းမှာမူ မြင့်မားသည့် အနေအထား တွင် ရှိသည်။ နိုင်ငံခြားသား အရေအတွက်သည် နိုင်ငံ လူဦးရေ၏ တစ်ဝက်နီးပါး အထိ ရှိသည်။ စည်းမျဉ်းခံ ဘုရင်စနစ် နှင့် ကိုယ်စားပြု ဒီမိုကရေစီ နိုင်ငံ တစ်ခု ဖြစ်သည်နှင့် အညီ နိုင်ငံကို မဟာစော်ဘွား ဟန္နရီ (Grand Duke Henri) က အုပ်ချုပ်ပြီး၊ ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော မဟာစော်ဘွား နိုင်ငံ (Grand Duchy) ဖြစ်သည်။ လပ်ဇမ်ဘာ့ဂ် နိုင်ငံသည် ဖွံ့ဖြိုးပြီး နိုင်ငံ တစ်ခု ဖြစ်ပြီး၊ တိုးတက်သော စီးပွားရေးနှင့် ကမ္ဘာပေါ်ရှိ တစ်ဦးချင်း GDP အမြင့်မားဆုံး နိုင်ငံ တစ်ခု လည်း ဖြစ်သည်။ ရပ်ကွက် ဟောင်းများနှင့် ခံတပ် ဟောင်းများ ပါဝင်သော လပ်ဇမ်ဘာ့ဂ် မြို့တော်ကို ၁၉၉၄ တွင် ယူနက်စကို ကမ္ဘာ့ အမွေအနှစ် တည်နေရာ အဖြစ် ကြေညာခဲ့လေသည်။
ထရိုင်ယာ (Trier) မှ သူတော်ဇင် မတ်ဇီမင် ဧကရာဇ် ကျောင်းတိုက် (Imperial Abbey of St. Maximin) ဆီကနေ လူစီလင်ဘာဟပ် (Lucilinburhuc) (ရဲတိုက်ငယ်) လို့ ခေါ်တဲ့ ဒေသတစ်ဝိုက်ကို နယ်စား ပထမမြောက် စစ်ဖရိဒ် (Count Siegfried I) အပိုင်စား ရခဲ့သည့် ၉၆၃ ခုနှစ် ကနေပြီးတော့ လပ်ဇမ်ဘာ့ဂ် သမိုင်း စတင်ခဲ့သည်။ နောက်မျိုးဆက်များသည် လက်ထပ်ခြင်း၊ စစ်ပွဲ ဆင်နွှဲခြင်၊ သိမ်းပိုက်ခြင်း တို့ဖြင့် နယ်ပယ် ချဲ့ထွင်ခဲ့သည်။ ၁၃ ရာစု အဆုံးမှာတော့ လပ်ဇမ်ဘာ့ဂ် နယ်စားများသည် နယ်ပယ် အတော်များများကို အုပ်စိုးနေခဲ့ပြီ။ ၁၃၀၈ ခုနှစ်တွင် လက်ဇမ်ဘာ့ဂ် နယ်စား သတ္တမမြောက် ဟန္နရီ (Henri VII, Count of Luxembourg) သည် ဂျာမန်တို့၏ ဘုရင် ဖြစ်လာခဲ့ပြီး၊ ရောမ သာသနာ နိုင်ငံတော်၏ ဧကရာဇ် (Holy Roman Emperor) တစ်ပါး အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။ လပ်ဇမ်ဘာ့ဂ် အိမ်တော်မှ အလယ်ခေတ်တွင် ရောမ သာသနာ နိုင်ငံတော် အတွက် ဧကရာဇ် လေးပါး ထွက်ပေါ်ခဲ့သည်။ ၁၃၅၄ တွင် စတုတ္ထ မြောက် ချားလ်စ် (Charles IV) ဧကရာဇ်သည် လပ်ဇမ်ဘာ့ဂ်ကို ခရိုင် (count) အဖြစ်မှ စော်ဘွားနယ်မြေ (duke) အဖြစ် အဆင့် တိုးမြှင့်ပေးခဲ့သည်။ စစ်ဂျစ်မွန် (Sigismund) တွင် သားယောက်ျားလေး ဆက်ခံသူ မရှိသောကြောင့် လပ်ဇမ်ဘာ့ဂ် နယ် သည် ဘာဂန်ဒီယန် စက်ဝန်း (Burgundian Circles) ၏ အစိတ်အပိုင်း ဖြစ်လာခဲ့ပြီး၊ ထို့နောက်တွင်တော့ ဟတ်ဘ်စ်ဘာ့ဂ် နယ်သာလန် (Habsburg Netherlands) ၏ ပြည်နယ် ၁၇ခု အနက် တစ်ခု ဖြစ်လာခဲ့သည်။ နှစ်ကြာလာတာနဲ့ အမျှ၊ ပြင်သစ် ဘုရင့် နိုင်ငံတော်နဲ့ ဟတ်ဘ်စ်ဘာ့ဂ် နယ်မြေတွေကြားထဲမှာ မဟာဗျူဟာမြောက် တည်ရှိတဲ့ လက်ဇမ်ဘာ့ဂ် မြို့နဲ့ ခံတပ်ဟာ ဥရောပတိုက်ရဲ့ ဂုဏ်သတင်း ကျော်စော်သည့် ခံတပ် အဆောက်အအုံများ အနက် တစ်ခု ဖြစ်လာခဲ့သည်။ ပြင်သစ်ရဲ့ ဆယ့်လေးဆက်မြောက် လူးဝစ် ဘုရင် (Louis XIV of France) လက်အောက်ရော၊ ဩစတြီးယားရဲ့ မာရီယာ သယ်ရရှာ (Maria Theresia of Austria) လက်အောက်မှာပါ ကျရောက်ခဲ့ရသည့် လပ်ဇမ်ဘာ့ဂ်ဟာ တစ်ဖန် ပထမ ပြင်သစ် သမ္မတ နိုင်ငံတော် (First French Republic) လက်အောက်နဲ့ နပိုလီယံ လက်ထက်မှာ ပြင်သစ် ဧကရာဇ် နိုင်ငံတော် လက်အောက်လည်း ကျရောက်ခဲ့ရသည်။
ယနေ့ခေတ် လပ်ဇမ်ဘာ့ဂ် နိုင်ငံသည် ၁၈၁၅ ခုနှစ် ဗီယင်နာ ညီလာခံ (Congress of Vienna) မှ အစပြု ပေါ်ထွန်းလာခဲ့သည်။ မဟာစော်ဘွား နယ်မြေ (Grand Duchy) ကို နယ်သာလန် ၏ ပထမမြောက် ဝီလီယံ (Willaim I of the Netherlands) ဘုရင် ပိုင်ဆိုင်သော နိုင်ငံ တစ်ခု အဖြစ် အသိအမှတ်ပြုကြပြီး၊ ၎င်း နယ်မြေတွင် ပြင်သစ်တို့၏ နောက်ထပ် ကျူးကျော်ခြင်း မခံရအောင် ပရပ်ရှား (Prussia) နိုင်ငံ၏ စစ်စခန်း တစ်ခုကို အခြေစိုက် ထားရှိခဲ့ကြသည်။ ၁၈၃၉ ဘယ်လ်ဂျီယံ တော်လှန်ရေး တွင်တော့ လပ်ဇမ်ဘာ့ဂ် နိုင်ငံ၏ Oïl စကားပြော ဒေသများသည် ဘယ်လ်ဂျီယံ နိုင်ငံထဲသို့ ဖဲ့ပါသွားပြီး၊ (အာရ်လွန် (Arlon) မြို့ ပတ်ချာလည် ဒေသများ အာရ်လာလန်းဒ် (Arelerland) ဧရိယာ မှ လွဲ၍) ကျန် လပ်ဇမ်ဘာ့ဂစ်ရှ် စကားပြော ဒေသများသည် ယနေ့ခေတ် လပ်ဇမ်ဘာ့ဂ် နိုင်ငံ ဖြစ်လာခဲ့သည်။
၂၀ ရာစု အစတွင် သံရိုင်းများ ပေါကြွယ်ဝသည့် မြေနီ (Red Land) ဒေသမှ သံမဏိ လုပ်ငန်းများသည် နိုင်ငံ၏ စက်မှုတော်လှန်ရေးကို တွန်းအား ဖြစ်စေခဲ့သည်။ လပ်ဇမ်ဘာ့ဂ် မြို့တော်တွင် အခြေစိုက်သော ကမ္ဘာ့ အကြီးဆုံး သံမဏိ ထုတ်လုပ်သူ အာ့စလာ မစ်တယ် (ArcelorMittal) သည် ထိုခေတ် အခြေအနေများ၏ ပြယုဂ်အဖြစ် ယနေ့တိုင် တွေ့မြင်နိုင်သေးသည်။ ၁၉၇၀ နောက်ပိုင်း သံမဏိ လုပ်ငန်းများ ဆုတ်ယုတ်ပြီးနောက်တွင် ကမ်ဘာ့ ဘဏ္ဍာရေး ဗဟိုအဖြစ် အာရုံစိုက် ထူထောင်ခဲ့ပြီး၊ ဘဏ်လုပ်ငန်း တို့၏ ဆုံချက်အဖြစ် ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ ၂၁ ရာစု အစမှ စပြီး၊ လပ်ဇမ်ဘာ့ဂ် တက္ကသိုလ် ကို ထူထောင်ခြင်း နှင့် အာကာသ အစီအစဉ် တစ်ခုကို စတင်ခြင်းတို့ ဖြင့် ဗဟုသုတ စီးပွားရေး (Knowledge Economy) ကို အာရုံစိုက်ပြီး တိုးတက်အောင် လုပ်ခဲ့သည်။ အာကာသ အစီအစဉ်သည် ၂၀၂၀ တွငိ လကမ္ဘာ ပေါ်သို့ လေ့လာရေး စက်ရုပ် လွှတ်တင်နိုင်ရန် မျှော်မှန်းထားသည်။
လပ်ဇမ်ဘာ့ဂ် သည် ဥရောပ သမဂ္ဂ၊ OECD၊ ကုလ သမဂ္ဂ၊ NATO နှင့် ဘယ်နယ်လပ်စ် (Benelux) အဖွဲ့များ၏ ထူထောင်သူ နိုင်ငံများ အနက် တစ်ခု ဖြစ်သည်။ နိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံး မြို့ဖြစ်သော လပ်ဇမ်ဘာ့ဂ် မြို့သည် ဥရောပ သမဂ္ဂ၏ လက်အောက်ခံ အဖွဲ့အစည်းများ နှင့် ကိုယ်စားလှယ် အဖွဲ့များ၏ ရုံးစိုက်ရာ ဖြစ်သည်။ လပ်ဇမ်ဘာ့ဂ် နိုင်ငံ့ သမိုင်းတွင် ပထမဆုံး အဖြစ် ၂၀၁၃ နှင့် ၂၀၁၄ တွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၆ တွင် လပ်ဇမ်ဘာ့ဂ် နိုင်ငံသားများသည် နိုင်ငံ ၁၇၂ နိုင်ငံနှင့် ဗီဇာ ကင်းလွတ်ခွင့် သို့မဟုတ် ဆိုက်ရောက် ဗီဇာ ထုတ်ယူပိုင်ခွင့် များ ရရှိထားသည်။ ထို အခြေအနေကြောင့် လပ်ဇမ်ဘာ့ဂ် နိုင်ငံကူး လက်မှတ် (ပတ်စပို့) သည် ကနေဒါ နှင့် ဆွစ်ဇာလန် နိုင်ငံများ နှင့် အတူ ကမ္ဘာ့ အဆင့် ၁၅ ၌ ရပ်တည်နေသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.