လုံဘောက်ကျွန်း
အင်ဒိုနီးရှားရှိ ကျွန်း From Wikipedia, the free encyclopedia
အင်ဒိုနီးရှားရှိ ကျွန်း From Wikipedia, the free encyclopedia
လုံဘောက်ကျွန်း သည် အင်ဒိုနီးရှားနိုင်ငံ အနောက်နူဆာ တန်ဂါရာပြည်နယ်ရှိ ကျွန်းတစ်ကျွန်း ဖြစ်သည်။ ၎င်းသည် ဆုန်ဒါလေးကျွန်းများ၏ အတွဲအဆက်၏ တစိတ်တဒေသ ဖြစ်သည်။ အနောက်ဘက်တွင် ဘာလီကျွန်း မှ လုံဘောက်ရေလက်ကြားဖြင့် ပိုင်းခြားထားပြီး အရှေ့ဘက်တွင် ဆမ်ဘာဝါ ကျွန်းနှင့် အလာ့စ်ရေလက်ကြားဖြင့် ပိုင်းခြားထားသည်။ အကြမ်းမျဉ်းအားဖြင့် စက်ဝိုင်းပုံ ရှိပြီး အမြီးပိုင်းဖြစ်သော ဆီကိုတောင်းကျွန်းဆွယ်သည် အနောက်ဘက်သို့ ၇၀ ကီလိုမီတာ (၄၃ မိုင်) မျှ ထိုးထွက်လျက် ရှိပြီး စုစုပေါင်း ဧရိယာမှာ ၄,၅၁၄ စတုရန်း ကီလိုမီတာ (၁,၇၄၃ စတုရန်းမိုင်) ခန့် ဖြစ်သည်။ ပြည်နယ်မြို့တော်၏ ကျွန်းပေါ်ရှိ အကြီးဆုံး မြို့မှာ မာတာရမ်မြို့ ဖြစ်သည်။
ပထဝီဝင် | |
---|---|
တည်နေရာ | အရှေ့တောင်အာရှ |
ကိုဩဒိနိတ် | 8.565°S 116.351°E |
ကျွန်းစု | ဆုန်ဒါလေးကျွန်းများ |
ဧရိယာ | ၄,၅၁၄.၁၁ km2 (၁,၇၄၂.၉၁ sq mi) |
အမြင့်ဆုံး ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၃,၇၂၆ m (၁၂၂၂၄ ft) |
အုပ်ချုပ်မှု | |
Indonesia | |
Demographics | |
လူဦးရေ | 3,311,044 |
လူဦးရေ သိပ်သည်းမှု | ၇၃၃.၅ /km၂ (၁၈၉၉.၈ /sq mi) |
လုံဘောက်သည် အနောက်ဘက်ရှိ ဘာလီကျွန်းနှင့် အရွယ်အစား နှင့် လူနေသိပ်သည်းမှု တူညီပြီး ယဉ်ကျေးမှု ဆက်ခံခြင်းများလည်း တူညီသည်။ သို့သော်လည်း အုပ်ချုပ်ရေးအရ အနောက် နူဆာတန်ဂါရာ ပြည်နယ်တွင် ပိုကြီးသော်လည်း လူဦးရေ ကျဲပါးသော အရှေ့ဘက်ရှိ ဆမ်ဘာဝါကျွန်းနှင့် အတူ ပါဝင်သည်။ လုံဘောက်အား ဒေသတွင်း ဂီလီကျွန်းများ ဟု ခေါ်ကြသည့် ကျွန်းလေးများက ဝန်းရံထားကြသည်။
အင်ဒိုနီးရှားနိုင်ငံ ၂၀၁၄ လူဦးရေ စာရင်း အရ လူဦးရေ ၃.၃၅ သန်း ရှိသည်။ [1][2][3][4]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.