![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/2/2e/140120_Minho_Lee_b.jpg/640px-140120_Minho_Lee_b.jpg&w=640&q=50)
လီမင်ဟို
တောင်ကိုရီးယား သရုပ်ဆောင်၊ အဆိုတော် နှင့် မော်ဒယ် / From Wikipedia, the free encyclopedia
လီမင်ဟို (ကိုရီးယား: 이민호; ဟန်ဂျာ: 李敏鎬; ၂၂ ဇွန် ၁၉၈၇ ဖွား)[2] သည် တောင်ကိုရီးယား အမျိုးသား သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ်၊ ဖန်တီးမှုဒါရိုက်တာ[3] နှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။[4] ၂၀၀၉ ခုနှစ်တွင် ထုတ်လွှင့်ခဲ့သော Boys Over Flowers ရုပ်/သံ ဇာတ်လမ်းတွဲတွင် ဇာတ်ကောင် ဂူဂျွန်ဖြိုး အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး (၄၅) ကြိမ်မြောက် Baeksang Arts Awards ဆုပေးပွဲ၌ အကောင်းဆုံး လူသစ် သရုပ်ဆောင်ဆုကိုလည်း ရရှိခဲ့သည်။ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့သည့် နာမည်ကျော် လူကြိုက်များခဲ့သော ရုပ်/သံဇာတ်လမ်းတွဲများတွင် Personal Taste (2010) ၊ City Hunter (2011) ၊ Faith (2012) ၊ The Heirs (2013) ၊ The Legend of the Blue Sea (2016) တို့ ပါဝင်သည်။ ၂၀၂၀ ခုနှစ်တွင် ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၃၅ သန်းကျော် ရရှိခဲ့သည့် Studio Dragon ၏ ဇာတ်လမ်းတွဲဖြစ်သော The King: Eternal Monarch တွင်လည်း သရုပ်ဆောင်ခဲ့သည်။[5] လီမင်ဟိုသည် ရုပ်/သံ သရုပ်ဆောင်အဖြစ်သာမက ၂၀၁၅ ခုနှစ်ထွက် Gangnam Blues (2015) ရုပ်ရှင်ဇာတ်ကားတွင် ရုပ်ရှင်သရုပ်ဆောင် ခေါင်းဆောင်မင်းသားအဖြစ် ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၎င်းနောက်တွင် တရုတ်နိုင်ငံမှ ရိုက်ကူးထုတ်လုပ်မှုတွင် ပထမဆုံးပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည့် Bounty Hunters (2016) ရုပ်ရှင်ကားနှင့် အချစ်ဇာတ်လမ်းအမျိုးအစား-ဝဘ်ဇာတ်လမ်းတွဲတို Line Romance (2014) တို့တွင်လည်း သရုပ်ဆောင်ခဲ့သည်။[6]
လီမင်ဟို 이민호 (ကိုရီးယား) | |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
![]() ၂၀၁၄ ခုနှစ်တွင် ရိုက်ကူးထားသော ဓာတ်ပုံ | |||||||||||||
ဇာတိ အမည် | 이민호 | ||||||||||||
မွေးဖွား | (1987-06-22) ဇွန် ၂၂၊ ၁၉၈၇ (အသက် ၃၇) ဆိုးလ်မြို့၊ တောင်ကိုရီးယားနိုင်ငံ | ||||||||||||
မိခင်ကျောင်း | Konkuk တက္ကသိုလ် | ||||||||||||
အလုပ်အကိုင် |
| ||||||||||||
တက်ကြွလှုပ်ရှားနှစ်များ | ၂၀၀၂ – လက်ရှိ | ||||||||||||
ကိုယ်စားလှယ် | MYM Entertainment | ||||||||||||
ဖန်တီးမှုများ | |||||||||||||
အရပ် | ၁၈၇ cm (၆ ft ၂ in)[1] | ||||||||||||
ရရှိသည့်ဆုများ | စာရင်းအပြည့်အစုံကြည့်ရန် | ||||||||||||
ဝက်ဘ်ဆိုဒ် | leeminho.kr | ||||||||||||
| |||||||||||||
လက်မှတ် | |||||||||||||
![]() |
လီမင်ဟိုသည့် သူသရုပ်ဆောင်ခဲ့သည် ရုပ်/သံ ဇာတ်လမ်းတွဲများ၏ အောင်မြင်မှုများကြောင့် သူ့အား ထိပ်တန်း Hallyu ကြယ်ပွင့်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။[7][8] သူသည် ဆိုရှယ်မီဒီယာပေါ်တွင် လူကြည့်အများဆုံး တောင်ကိုရီးယား အမျိုးသား သရုပ်ဆောင်လည်းဖြစ်သည်။[9] လီမင်ဟိုသည် Madame Tussauds တွင် ၎င်း၏ ပုံတူ-ဖယောင်းရုပ်တု ထုဆစ်၍ ဂုဏ်ပြုခံရသည့် ပထမဆုံးသော ကိုရီးယားအနုပညာရှင်ဖြစ်လာခဲ့ပြီး ၎င်းရုပ်တုအား ၂၀၁၃ ခုနှစ်တွင် ရှန်ဟိုင်း၌လည်းကောင်း၊[10] ၂၀၁၄ ခုနှစ်တွင် ဟောင်ကောင်၌လည်းကောင်း ပြသခဲ့သည်။[11] သူသည် ထုတ်ကုန်ထောက်ခံချက်တစ်ခုတည်းမှပင် အမေရိကန်ဒေါ်လာ ၂.၅ သန်း ရရှိထားသူ ဖြစ်သည်။[4]