လိင်တံ
From Wikipedia, the free encyclopedia
လိင်တံ သည် ပြင်ပ လိင်အင်္ဂါ တစ်ခုဖြစ်ပြီး ကျောရိုးရှိ သတ္တဝါ ဖြစ်စေ ကျောရိုးမဲ့ သတ္တဝါ ဖြစ်စေ အဖို သက်ရှိရုပ်စု တို့အတွက် တစ်ခုသော ဇီဝကမ္မကို လုပ်ဆောင်သည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/e/e9/Penis_with_Labels.jpg/640px-Penis_with_Labels.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/b/b9/Duck_Reproduction.svg/320px-Duck_Reproduction.svg.png)
လိင်တံသည် မျိုးပွားရေး အတွက် အင်္ဂါတစ်ခုဖြစ်ပြီး နည်းပညာကျကျပြောရလျှင် အပြင်ထွက် လိင်အင်္ဂါ (Intromittent Organ) ဖြစ်ပြီး အချင်းရှိ နို့တိုက် သတ္တဝါ (Placental Mammal) တို့အတွက် ကျင်ငယ်စွန့်ရန် ပြင်ပအင်္ဂါအဖြစ်လည်း တာဝန် ထမ်းဆောင်သေးသည်။ လိင်တံကို နို့တိုက် သတ္တဝါ များနှင့် တွားသွား သတ္တဝါ (Reptile) တို့တွင် အများအားဖြင့် တွေ့နိုင်သည်။[1]